အပိုင်း ၂၄၅/ အပိုင္း ၂၄၅

411 46 0
                                    

Unicode

အပိုင်း ၂၄၅ - လုံးဝ ငါးစာမိသွားပြီ
အသံကြားတဲ့အခါ မင်ယင်း ရုတ်တရက် သတိပြန်ကပ်သွားသည်။ သူမ အမြန်ပဲ အင်္ကျီလက်တွေကို သပ်ချလိုက်သည်။ သူမ လှုပ်ရှားမှုတွေက မြန်ဆန်လွန်းတာကြောင့် သူမ ခန္ဓာကိုယ်ပင် ယိမ်းယိုင်သွား၏။ သူမမျက်နှာကလည်း ပို၍ပင် ဖြူဖျော့သွားသည်။
“နှုတ်ဆက်ပါတယ်၊ လီတာ့ရန်”
နှုတ်ဆက်စကားဆိုပြီးနောက် သူမက ယွင်ချွန်းကို ကိုယ့်သဘောနဲ့ကိုယ် လုပ်လာတဲ့အတွက် စိတ်မကျေနပ်သည့်အတိုင်း အပြစ်တင်ဟန်နှင့် ကြည့်လိုက်သည်။
ယွင်ချွန်းရဲ့ သတင်းပေးပို့မှုကို လီယွမ်ယီကြားတော့ အစက ငြင်းဆိုခဲ့ပြီးနောက်မှ စိတ်ပြန်ပြောင်းပြီး သူ့ကို ခေါ်သွားပေးဖို့ ယွင်ချွန်းကို တောင်းဆိုခဲ့သည်။ မင်ယင်းက သူ့ကို ဆွဲထားချင်ခဲ့တယ်လို့ သူတွေးခဲ့ပေမယ့် သူမအမူအရာကို မြင်တဲ့အခါ ယွင်ချွန်းက သူ့ဖာသာ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ရမယ်ဆိုပြီး သဘောပေါက်သွားသည်။
ယွင်ချွန်းက မင်ယင်းရဲ့လက်ကို အသာပုတ်ကာ
“ညီမလေးမင်ယင်း သခင်လီနဲ့ စကားကောင်းကောင်း ပြောသင့်တယ်။ ကောလဟာလ ထွက်နေတာတွေ အားလုံးက အမှန်မဟုတ်ရင် သေချာပေါက် ပျောက်ကွယ်သွားမှာပါ၊ အများကြီး စိတ်ပူမနေပါနဲ့”
မင်ယင်း ခေါင်းငုံ့ကာ အောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်မိသည်။ သူမအမူအရာက ပိုပြီး ထိခိုက်လွယ်လာကာ
“အစ်မယွင်ချွန်း အစ်မ တကယ်မလုပ်သင့်…”
ယွင်ချွန်းက ကြားဖြတ်ပြောသည်။
“လီတာ့ရန်၊ ယွင်ချွန်း အရင်သွားပါတော့မယ်”
“ကောင်းပြီ”
ယွင်ချွန်း ထွက်သွားပြီးနောက် လီယွမ်ယီက မျက်လုံးတွေထဲမှာ စိုးရိမ်မှုကြီးစွာနဲ့ မင်ယင်းကို ကြည့်လာသည်။
“မိန်းကလေးမင်ယင်း၊ မင်းရဲ့ကျန်းမာရေး ဘယ်လိုလဲ”
“စိတ်ပူပေးတဲ့အတွက် လီတာ့ရန်ကို ကျေးဇူးတင်ပါတယ်။ ဘာမှ ပြင်းပြင်းထန်ထန် ဖြစ်တာမဟုတ်ပါဘူး”
“မိန်းကလေးမင်ယင်း ကြည့်ရတာ စိတ်ထဲတစ်ခုခုရှိနေပုံပဲ။ ကျုပ် မင်းကို ကူညီပေးနိုင်တာရှိမလား သိပါရစေ”
မင်ယင်းက မျက်နှာပေါ်မှာ အပြုံးတစ်ခုနှင့် ခေါင်းမော့လိုက်ပေမယ့် မျက်လုံးတွေထဲတွင် အားနည်းသည့် အရိပ်အယောင် ဖြတ်သွားသည်။
“ကျွန်မအဖို့ ပူးရှန့်လုံမှာ ဘေးကင်းလုံခြုံတဲ့ ဘဝရှိနေပါပြီ။ ဘာမှစိုးရိမ်စရာ မရှိပါဘူး။ လီတာ့ရန် အစ်မယွင်ချွန်းပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားထောင်ဖို့ မလိုပါဘူး”
“မင်း ဒီလိုပြောလေ မင်းစိတ်ထဲမှာ တကယ်ပဲ တစ်ခုခု ရှိနေတယ်ဆိုတာ ပိုသေချာလာလေပဲ”
လီယွမ်ယီက ချောမောတဲ့ ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ယောင်ကိုယ်ဝါက အံ့ဩဖို့ကောင်းလောက်အောင် ကျက်သရေရှိလှသည်။ အခု သူ ဂရုစိုက်ပုံပြတဲ့အခါ လူတွေ သူ့အပေါ် ပို၍ပင် အထင်အမြင်ကောင်းကြလိမ့်မည်။
“ကျင်းလင်မြို့မှာ ဘာပဲဖြစ်ဖြစ် ကျုပ် အတတ်နိုင်ဆုံး ကူညီပေးနိုင်တယ်”
“လူကြီးမင်း တကယ်စိတ်ပူစရာ ဘာမှမရှိပါဘူး။ လီတာ့ရန် ပူးရှန့်လုံမှာ လက်ဖက်ရည်သောက်ဖို့ ရောက်လာတာ ဖြစ်ရမယ်။ ကျွန်မခန္ဓာကိုယ်က အခု အများကြီး သက်သာသွားပါပြီ။ လူကြီးမင်း အလိုရှိရင် ကျွန်မ လက်ဖက်ရည်တစ်အိုး ဖျော်ပေးနိုင်ပါတယ်”
“မလိုဘူး။ မင်းရဲ့ခန္ဓာကိုယ်က အပြည့်အဝ မသက်သာသေးဘူး၊ အပင်ပန်းခံပြီး ဖျော်မနေချည်နဲ့”
“အပန်းမကြီးပါဘူးရှင်။ တကယ်တော့ ကျွန်မ ရေနည်းနည်းကူးတတ်ပေမယ့် ရေထဲပြုတ်ကျတဲ့အချိန် ရုတ်တရက်ဆိုတော့ ရေမွှမ်းသွားခဲ့တာပါ။ နှစ်ရက်လောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ”
ထိုသို့ပြောပြီး သူမက လီယွမ်ယီကို အရိပ်ကနားဆီ ဦးဆောင်ခေါ်လာခဲ့သည်။
“ဒီလက်ဖက်ရည်အစုံတွေက ကျွန်မ နေ့တိုင်း လေ့ကျင်ရင်သုံးတဲ့ဟာတွေပါ။ လီတာ့ရန် ကျေးဇူးပြုပြီး ဗွေမယူပါနဲ့”
“အိုး ယူစရာလား၊ ဒါဆို ကျုပ် မိန်းကလေးမင်ယင်းကို ဒုက္ခပေးရပါဦးမယ်”
မင်ယင်းက ခပ်ရေးရေး ပြုံးသည်။ သူမအပြုံးက ရေမျက်နှာပြင်ပေါ်ရှိ ပေါ့ပါးနေသော ပန်းကလေးနှင့်တူကာ ဖျော့တော့အားနည်းပြီး တစ်စုံတစ်ယောက်ကို မသိလိုက်မသိဘာသာ သနားစိတ်ဖြစ်စေသည်။
လီယွမ်ယီ သူမ လက်ဖက်ရည်ဖျော်တာကို ကြည့်လေ လှုပ်ရှားမှုတွေက တိကျမှန်ကန်ပြီး မျက်စိပသာဒဖြစ်လေလို့ သူ ပိုခံစားရသည်။
ရုတ်တရက် လေပြင်းတစ်ချက် ဖြတ်တိုက်သွားရာ မင်ယင်းရဲ့ သေးသွယ်ဖြူဖွေးတဲ့ လက်မောင်းတွေကို လစ်ဟပြလိုက်သလို ဖြစ်သွားခဲ့သည်။ သို့သော် လက်မောင်းပေါ်မှာ အထူး ထိတ်လန့်ဖွယ် ရှည်လျားတဲ့ ဒဏ်ရာကြီးတစ်ခု ရှိနေခဲ့သည်။
မင်ယင်းက အမြန်ပဲ ခေါင်းငုံ့ကာ အင်္ကျီလက်နဲ့ ဖုံးအုပ်လိုက်ပေမယ့် လီယွမ်ယီက ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီး ဖြစ်သည်။
“မိန်းကလေးမင်ယင်း၊ မင်းရဲ့လက်မောင်း ထိခိုက်ဒဏ်ရာရထားတာလား”
မင်ယင်း အမြန်ပဲ မတ်တပ်ထလိုက်ကာ သူမအမူအရာက ပိုပြီး ရုတ်ရက်ခတ်သွား၏။ သူမက လက်ဖက်ရည်ခွက်ကို လီယွမ်ယီရှေ့မှာ ချပေးပြီး နောက်ပြန်ဆုတ်ဖို့ ပြင်သည်။
“မင်ယင်း မယဉ်မကျေး ဖြစ်သွားခဲ့ပါတယ်။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ လူကြီးမင်း၊ လက်ဖက်ရည်ဖျော်ပြီးပြီဆိုတော့ ကျွန်မ ဒီမှာ ဆက်ပြီး ဧည့်မခံတော့ပါဘူး။ ကျွန်မကို အရင်သွားခွင့်ပြုပါ”
“မိန်းကလေး၊ ခဏနေပါဦး”
လီယွမ်ယီက ချက်ချင်း ရှေ့တိုးကာ မင်ယင်းရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်ပေမယ့် မင်ယင်းက အလွန်လျင်မြန်စွာ နောက်ဆုတ်သွားတာကြောင့် သူမအင်္ကျီလက်ကိုသာ သူ့လက်ဖျားထိပ်နဲ့ ထိမိလိုက်သည်။
မင်ယင်းက အလျင်စလို ထွက်သွားတာကြောင့် သူမအင်္ကျီလက်ကြားက ပိုးလက်ကိုင်ပဝါလေး ပြုတ်ကျခဲ့တာကိုတောင် သတိမထားမိအောင် ပျာယာခတ်နေခဲ့၏။
လီယွမ်ယီက‌ ရှေ့တိုးကာ ပိုးလက်ကိုင်ပဝါကို ကောက်ယူလိုက်ရာ ပိုးလက်ကိုင်ပဝါပေါ်မှာ အနီရောင်ဖြင့် လက်ပန်းထိုးထားသော လေးကြောင်းကဗျာကို တွေ့လိုက်ရသည်။
‘ပန်းကလေးတွေဟာ ဖူးပွင့်ပြီးရင်
အကြောင်းအမျိုးမျိုးနဲ့ ကြွေရတယ်
မင်း အချစ်ကို တောင်းဆိုလိုက်တဲ့အချိန်က
ပန်းကလေးတွေ ဖူးပွင့်ပြီး ကြွေကျတဲ့အချိန်ပဲ’
အလှတရားက ထွက်ခွာသွားပြီဖြစ်သည်။ လီယွမ်ယီက လက်ဖက်ရည်သောက်ပြီးတာနဲ့ ပြန်ဖို့ပြင်လိုက်သည်။ လမ်းတွင် ဉယျာဉ်ထဲက အပင်တွေကို တိဖြတ်နေရင်း လူတွေကို လမ်းညွှန်ပေးနေတဲ့ နန်အာနဲ့ သူ ဆုံသည်။
နန်အာက အမြန်ပဲ ရှေ့တိုးကာ အရိုအသေပေးသည်။
“လူကြီးမင်းလည်း လမ်းရှာမတွေ့လို့များလား။ လူကြီးမင်းသွားမယ့်နေရာကို ကျွန်တော့်ကို မေးမြန်းနိုင်ပါတယ်။ ဒီဉယျာဉ်ထဲမှာ ကျွန်တော်မသိတာ ဘာမှမရှိပါဘူး”
“ဟုတ်လား ဒါဆို မင်း မင်ယင်းကို သိသလား”
“ကျွန်တော် သေချာပေါက် အစ်မမင်ယင်းကို သိတာပေါ့။ လူကြီးမင်းက သူမဆီကို အလည်လာဖို့ ဒီကို လာခဲ့တာလား။ အစ်မမင်ယင်းက ဒီရက်တွေထဲ စိတ်အခြေအနေ မကောင်းတာနဲ့ ဘယ်သူနဲ့မှ မတွေ့ဘူး။ လူကြီးမင်းလာတာ အလကားဖြစ်မှာ စိုးရွံ့မိပါတယ်”
“သူ ဘာကြောင့် စိတ်မရွှင်မပျ ဖြစ်နေတယ်ဆိုတာ မင်းသိလား”
“အစ်မမင်ယင်းကို မနာလိုတဲ့သူ အချို့ရှိတယ်။ သူတို့က အစ်မမင်ယင်းအကြောင်းကို တိတ်တဆိတ် ကောလဟာလတွေ ဖြန့်နေကြတာ”
နန်အာက သူများနဲ့မတူ အကင်းပါးလှသည်။
“အဲ့ဒီတုန်းက ထန်ပါးဝမ် အစ်မမင်ယင်းကို ရိုင်းပြခဲ့လို့ဖြစ်ရတာ၊ အစ်မမင်ယင်း သေလုဆဲဆဲဖြစ်ခဲ့တာ။ ဒါပေမယ့် သူတို့က လက်မလျှော့ကြသေးဘူး။ သူ့ကို သေတဲ့အထိ ဖိအားမပေးရမချင်း လက်လျှော့မယ့်ပုံ မပေါ်ဘူး။ ကံကောင်းလို့ အစ်မမင်ယင်းက ဆိုင်ရှင်ကျင်းကို ကောလဟာလဖြန့်တဲ့ အဲ့ဒီလူတွေကို မောင်းထုတ်ဖို့ တောင်းဆိုလိုက်လို့။ ဒါပေမဲ့ အစ်မမင်ယင်းက အသေးစိတ်လေးတွေကအစ ဂရုစိုက်တတ်တဲ့သူဆိုတော့ သူ့အနေနဲ့ အဲ့ဒါကို မေ့ပစ်ဖို့ အတော်ကြာ ခက်ခဲနေလိမ့်မယ် ထင်တယ်”
“မင်းခုနကပြောတဲ့ ထန်ပါးဝမ်ဆိုတာ ဘယ်သူလဲ?”
“သခင်က ဒီကျင်းလင်မြို့က မဟုတ်ဘူးမလား။ ကျွန်တော် သခင့်ကို ပူးရှန့်လုံမှာ အရင်က မမြင်ဖူးဘူး။ ခရီးသွားကုန်သည်တစ်ယောက်လား?”
လီယွမ်ယီက ပြုံးပြလျက် သူ့အင်္ကျီလက်ထဲက ငွေလျန်တစ်စ ထုတ်ပြီး ပေးသည်။
“ထန်ပါးဝမ်က ဘယ်သူဆိုတာ မင်း ငါ့ကို ပြောမပြရသေးဘူး”
နန်အာက ငွေကို သူ့အင်္ကျီလက်ထဲ အမြန်ထည့်လိုက်ပြီး အနားမှာ ဘယ်သူမှ မရှိတာ သေချာအောင် ဘေးပတ်လည်ကို ကြည့်လိုက်ပြီး အသံနှိမ့်ပြီး ပြောပြသည်။
“ထန်ပါးဝမ်ဆိုတာ ချိုင်ယွဲ့ဆိုင်ရဲ့သခင်လေးဗျ၊ အဲ့လူငယ်က ကျွန်တော်တို့ ပူးရှန့်လုံကို ချောက်ချဖို့လုပ်ခဲ့တာ။ သူက အစ်မမင်ယင်းကိုတောင် ဂုဏ်သိက္ခာဖျက်ဆီးတော့မလို့၊ ကံကောင်းလို့ လူကြီးမင်းကျောက်က ဘက်မလိုက်ဘဲ မျှတမှုရှိပြီး ထန်ပါးဝမ်ကို အပြစ်ဒဏ်ပေးခဲ့တယ်။ မဟုတ်ရင် အစ်မမင်ယင်း ဝမ်းနည်းမှုကြောင့် သေတောင်သေသွားနိုင်တယ်။ ဒီကိစ္စက အတိတ်မှာ ကျန်ခဲ့ပြီမလို့ အစ်မ ဝမ်းနည်းအောင် ဒီစကားတွေကို ကျေးဇူးပြုပြီး မဆင်မခြင် ထပ်မပြောမိပါစေနဲ့”
“မင်းက ဘာကိုပြောချင်တာလဲ”
နန်အာ ပြောမလို့လုပ်ချိန်မှာပဲ သူ့ကို ရေယူခဲ့ဖို့ လှမ်းခေါ်သံ ကြားလိုက်ရပြီး လီယွမ်ယီကို အမြန်ပြောပြသည်။
“သခင် ကျွန်တော် အလုပ်ရှုပ်တော့မှာမလို့၊ သခင် တကယ်သိချင်တယ်ဆိုရင် လက်ဖက်ဆိုင်တစ်ဆိုင် ဒါမှမဟုတ် ယမကာဆိုင် တစ်ခုခုရှာပြီး မေးကြည့်လို့ရတယ်။ ဒီကိစ္စက ကျင်းလင်မြို့မှာ အုန်းအုန်းကျက်ကျက် ဖြစ်သွားခဲ့တာ၊ လူတွေအများကြီး ဒီကိုလာပြီး ဘေးကနေ ကြည့်နေခဲ့ကြတာ။ လူကြီးမင်း မေးမြန်းကြည့်ရင် အကျိုးအကြောင်း နားလည်သွားပါလိမ့်မယ်”
ထိုသို့ပြောပြီး ပြေးထွက်သွားတော့သည်။
လီယွမ်ယီ သိချင်စိတ်ဖြစ်သွားသည်။ ပူးရှန့်လုံကနေ ထွက်လာပြီးနောက် သူ လက်ဖက်ရည်ဆိုင်တစ်ဆိုင် တွေ့တော့ အထဲဝင်သွားလိုက်သည်။ သူ လက်ဖက်ရည်ဆိုင် စားပွဲထိုးဆီက ဇာတ်ကြောင်းကို ကြားရဖို့ ငွေအချို့ ဖြုန်းလိုက်ရသည်။ မင်ယင်းရဲ့လက်ပေါ်က အမာရွတ်ကို တွေးမိတဲ့အခါ သူ သူမအတွက် ပို၍ပင် စိတ်နှလုံး ထိခိုက်နာကျင်မိသည်။
“အလှတရားမှာ ဒုက္ခတွေ ပြည့်နှက်လို့နေတယ်ဆိုတာ မှန်တာပဲ”
ကံကောင်းထောက်မလို့ မိန်းကလေးမင်ယင်း ငါနဲ့ တွေ့ရတာပဲ။ မဟုတ်ရင် သူမ အနာဂတ်မှာ ဝမ်းနည်းနေရမှာ စိုးရိမ်မိတယ်။
နောက်ထပ် ရက်အနည်းမှာ လီယွမ်ယီက မင်ယင်းနဲ့တွေ့ဖို့ နေ့တိုင်း ပူးရှန့်လုံကို လာပေမယ့် သူမက အချိန်အများစုမှာ သူ့ကို ရှောင်နေခဲ့သည်။ ဒီနေ့မှာတော့ ဆိုင်ရှင်းကျင်း သူမကို ဖိအားပေးလို့သာ မင်ယင်းက လီယွမ်ယီကို အနောက်ဘက်ခြံဝန်းမှာ ဧည့်ခံပေးသည်။
“တာ့ရန်၊ တာ့ရန်ရဲ့အချိန်တွေကို ကျွန်မအပေါ် တကယ်မဖြုန်းတီးသင့်ဘူး”
မင်ယင်းရဲ့ အမူအရာက အများကြီး ပိုအေးစက်နေပေမယ့် သူမမျက်လုံးတွေထဲတွင် ခါးသီးမှုရှိနေသည်။
“မိန်းကလေးမင်ယင်း၊ ကျုပ် ဒီကို ပုံမှန်လာနေတာ၊ မိန်းကလေး ကျုပ်ဆိုလိုတာကို နားလည်မယ်ထင်ပါမယ်။ ကျုပ် မင်းကို စတွေ့ကတည်းက ချစ်ကျွမ်းဝင်သွားခဲ့တာ။ မိန်းကလေးသာ ကျုပ်ကို စိတ်ဝင်စားမယ်ဆိုရင် ပူးရှန့်လုံကနေ စာချုပ်ဖျက်ပြီး ထွက်လာဖို့ ကျုပ် ငွေလျန်တွေ ပေးနိုင်ပါတယ်”
“တာ့ရန်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက် သဘောထားကို ကျွန်မ ကျေးဇူးတင်ပေမယ့် တကယ် အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ကျွန်မဘဝက ဒီမှာ အတော်လေး ကောင်းမွန်ပါတယ်။ ကျွန်မနဲ့ အတူစကားပြောပြီး ပျော်ရွှင်မှုတွေ မျှဝေခံစားပေးမယ့် အစ်မ‌တွေလည်း အများကြီးရှိတယ်။ ကျွန်မက စာဝါငှက်ကလေး မဟုတ်သလို ရွှေလှောင်ချိုင့်မှာ နေရတာလည်း မကြိုက်ပါဘူး”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now