Unicode
အပိုင်း ၂၆၈ - ခွဲခွာခြင်း
"ဒဏ္ဍာရီတစ်ခုတောင် သတိရမိသွားတယ်..."
ယွဲ့ဝမ်က နူးညံ့စွာ ပြောလိုက်သည်။
"ဘာဒဏ္ဍာရီလဲ?"
"နောက်ပိုင်းကွမ်းတုံရဲ့ မြက်ခင်းပြင်ဒေသတွေမှာ နှင်းမြေခွေးက နေနဲ့လရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်ကို ရယူပြီး လူအဖြစ် ပြောင်းလဲသွားတယ်..."
မုယွမ်ယောင်က ရယ်လိုက်သည်။ သူမခေါင်းကိုလှည့်လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။ ရုတ်တရက် မျက်လုံးထဲမှာ နှစ်လိုဖွယ်ကောင်းတဲ့ အလင်းရောင် ဖြတ်ပြေးသွားသလိုပင်။
"အရှင့်သားက ကျွန်မက နှင်းမြေခွေးဝိဉာဥ်လို့ ထင်နေတာလား?"
ယွဲ့ဝမ်ရဲ့ လည်ဂလုတ် လှုပ်ရှားသွားပြီး သူ့နှလုံးသားက အရူးအမူး တောက်လောင်သွားသည်။
"မင်းလား?"
"အရွယ်ရောက်တဲ့ မြေခွေးတွေအားလုံးက သူတို့သားကောင်ရဲ့ အသည်းနှလုံးတွေကို ဝါးမျိုပစ်ကြတယ်၊ စစ်ယဲ့ရော ကိုယ့်နှလုံးသားကိုယ် စိတ်မပူဘူးလား?"
မုယွမ်ယောင်က ပြောရင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ယွဲ့ဝမ်ရဲ့ရင်ဘတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမရဲ့လျှာကို ထုတ်လိုက်ပြီး ပန်းရောင်နှုတ်ခမ်းလေးကို သပ်လိုက်သည်။
ယွဲ့ဝမ် လက်ချောင်းတွေကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး သူ့မျက်လုံးတွေရဲ့ အာရုံစိုက်မှုတို့က တိုးလာသည်။
"ငါမစိုးရိမ်ဘူး"
မုယွမ်ယောင်က ပြုံးလိုက်သည်။
"ကျွန်မက တကယ်မြေခွေး မဟုတ်ပါဘူး၊ အဲ့တာကြောင့် နင်းစစ်ယဲ့ စိတ်ပူစရာမလိုဘူး"
"အကယ်၍ မင်းက မြေခွေးဆိုရင်တောင် ငါ စိတ်မပူဘူး"
"နင်းစစ်ယဲ့က ဘယ်လိုနောက်ပြောင်ရမလဲဆိုတာ သေချာသိတာပဲ"
မုယွမ်ယောင်က မတ်တပ်ရပ်လိုက်ပြီး စားပွဲပေါ်ရှိ ဆေးသေတ္တာကို ပိတ်လိုက်သည်။ သူမက ငွေဆေးအပ်တွေကို လိပ်သိမ်းလိုက်ရင်း ရုတ်တရက် သူမဘေးတွင် ထားထားသည့် စာအုပ်တစ်အုပ်ကို ရုတ်တရက် တိုက်မိသွားသည်။ စာအုပ်က ကြမ်းပြင်ပေါ် ကျသွားတော့ စာအုပ်ထဲမှ စာရွက်အပိုင်းအစတစ်ခု ထွက်ကျလာသည်။ မုယွမ်ယောင် ကောက်ကြည့်လိုက်တော့ စုချင်နဲ့သူမရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားတာကို ရုတ်တရက် တွေ့လိုက်ရသည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...