အပိုင်း ၂၇၂/ အပိုင္း ၂၇၂

271 28 0
                                    

Unicode

အပိုင်း ၂၇၂

မုယွမ်ယောင် အထိန်းတော်ချင်း ယူလာပေးတဲ့ စာရင်းစာအုပ်ကို ကြည့်လိုက်သည်။ သူမငြင်းဆိုမည်ပြုချိန်မှာပဲ စုချင် လမ်းလျှောက်ဝင်လာသည်။


"ဆိုင်ရှင်ချင်းရောက်နေတယ်ကြားလို့ တစ်ချက်လာကြည့်တာ၊ တိုက်တိုက်ဆိုင်ဆိုင် ယောင်အာက အရမ်းအရသာရှိတယ်ပြောတဲ့ မုန့်အသစ်တချို့ အိမ်မှာလုပ်ထားတယ်။ အကျိုးရှိမယ်ဆိုရင် လူကြီးမင်း ပူးရှန့်လုံမှာ တင်ရောင်းပြီး ဝင်ငွေနည်းနည်းပဲဖြစ်ဖြစ် တိုးအောင်လုပ်လို့ရတယ်"

အထိန်းတော်ချင်းက ပြုံးကာ စုချင်ကို ဦးညွတ်သည်။

"ကျေးဇူးတင်ပါတယ်၊ သခင်မ"

စုချင်က ဆိုင်ရှင်ချင်းအပေါ် အကောင်းမြင်တာကြောင့် အမြန်ပဲ ခေါင်းရမ်းသည်။

"ဒါက ကျွန်မ စစ်ချင်ကို ကူးရေးခိုင်းထားတဲ့ ပြုလုပ်နည်းပါ"


အထိန်းတော်ချင်း တခမ်းတနား ဟန်ပန်လုပ်မနေဘဲ လက်နှစ်ဖက်နဲ့ ချက်ချင်း လက်ခံယူလိုက်သည်။

"ကျုပ် ပြန်ရောက်တဲ့အခါ ဆိုင်ကဝန်ထမ်းလေးတွေကို သေချာ လေ့လာခိုင်းလိုက်ပါ့မယ်။ သူတို့တွေ အသုံးပြုနိုင်တယ်ဆိုရင် သခင်မကို သေချာကျေးဇူးတင်ပါ့မယ်"

"ဆိုင်ရှင်ချင်းအနေနဲ့ အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး"

စုချင် မုယွမ်ယောင်ကို တစ်ချက်ကြည့်လိုက်သည်။

"ယောင်အာ၊ မင်း ပူးရှန့်လုံက ကိစ္စတွေကို အကောင်းဆုံး ကြိုးစားလုပ်ရမယ်နော်၊ အရမ်း အပျင်းကြီးမနေနဲ့"


မုယွမ်ယောင်က စိတ်အားထက်သန်သော မျက်လုံးတွေနဲ့ ကြည့်နေတဲ့ အထိန်းတော်ချင်းကို တစ်ချက်ကြည့်လိုက်ပြီး သဘောတူစွာနဲ့ ခေါင်းပဲညိတ်နိုင်သည်။

"သမီးနားလည်ပါတယ် အမေ၊ သမီး စာရင်းစာအုပ်တွေကို သေချာစစ်ပြီး ပြန်ပြီးဖြေရှင်းနည်း စဉ်းစားထားပါ့မယ်။ ကျွန်မ စဉ်းစားကြည့်ပြီးတဲ့အခါ ပြဿနာဖြေရှင်းဖို့ နည်းလမ်းကို ချရေးပြီး ကျင်းရှို့ဥယျာဉ်ဆီကို တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်ပါ့မယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now