အပိုင်း ၂၇၆/ အပိုင္း ၂၇၆

244 38 0
                                    

Unicode

အပိုင်း ၂၇၆ - သတင်းပျံ့နှံ့ခြင်း

ဝမ်မားမားက တိတ်တိတ်လေးမျက်ခုံးပင့်သွားသည်။ သူက စုမိသားစုကို မကျေမနပ်ဖြစ်နေတာလား။

သူမက အတွေးတွေကို စိတ်ထဲမှာပဲထားပြီး အပြင်ပိုင်းမှာတော့တည်ငြိမ်နေဆဲပင်။ သူမက ရိုရိုသေသေနဲ့ ပြောလိုက်သည်။

“သခင်မကိုဖြေကြားပါတယ်။ နှစ်တွေအများကြီးကြာတာတောင် သခင်မကြီးက သခင်မကိုရှာဖို့ လုံးဝလက်မလျော့ခဲ့ပါဘူး။ မြို့တော်နဲ့ယန်မြို့က ဝေးကွာလွန်းလှတာမို့ သခင်မကြီးမှာ ဘယ်လောက်ပဲအာဏာရှိနေပါစေ ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။ သူမက သခင်မကို သူမတတ်စွမ်းနိုင်သလောက်ရှာခဲ့ပေမယ့် နှစ်အများကြီးကြာသွားတာတောင် သခင်မအကြောင်း ဘာသတင်းအစအနမှ မရခဲ့ဘူး။ ကံကောင်းတာက သခင်မကြီးက ရှရန်ရွာက လူချမ်းသာကျန်းတာ့ရန်အကြောင်း ကြားဖူးထားလို့ပေါ့၊ နောက်ကျတော့ သခင်မရဲ့နောက်ခံက စုမိသားစုနဲ့ဆက်စပ်နေမှန်းသိသွားတယ်လေ။ သခင်မကြီးက အတည်ပြုဖို့ ရွာဘက်ကို လူလွှတ်လိုက်သေးတယ်။ ဒါပေမယ့် သခင်မတို့နှစ်ယောက်က ဘာသဲလွန်စမှမကျန်‌အောင် ပျောက်သွားခဲ့ကြတာလေ။ ကံကောင်းတာက ကောင်းကင်ဘုံက ကျွန်မတို့ကိုသနားငဲ့ညှာပေးခဲ့တယ်။ သခင်မကြီးက သခင်မတို့နှစ်ယောက် ကျင်းလင်မှာရှိနေမှန်း သတင်းရရချင်း ဒီအစေခံတွေကို ချက်ချင်းစေလွှတ်လိုက်တာပါ”

စုချင်က သူမစကားတွေကို လက်ခံတဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကျွန်မက သခင်မကြီးရဲ့ ပျောက်သွားခဲ့တဲ့ သမီးအရင်းမှန်း စုမိသားစုက ဘာလို့အဲ့လောက် သေချာနေရတာလဲ။ ကျွန်မပျောက်သွားတုန်းက ကလေးပဲရှိသေးတာ၊ ကလေးရုပ်လည်းပျောက်သွားတာကြာခဲ့ပါပြီ။ မွေးစားအဖေနဲ့အမေကလည်း ကျွန်မရဲ့အထောက်အထားနဲ့ သက်ဆိုင်တဲ့ ပစ္စည်းပါလာတယ်လို့ တစ်ခါမှမပြောဖူးပါဘူး”

“တကယ်တော့  အထောက်အထား ပစ္စည်းပါလာပါတယ်၊ သခင်မရဲ့မွေးစားမိဘတွေက ငွေရဖို့ရောင်းစားလိုက်တာကြောင့်ပါ”

ဝမ်မားမားက ပြောရင်း ‌အင်္ကျီလက်ထဲက ကျောက်စိမ်းဆွဲပြားနဲ့အဝါရောင်စာရွက်ကို ထုတ်လိုက်၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Donde viven las historias. Descúbrelo ahora