အပိုင်း ၂၇၃/ အပိုင္း ၂၇၃

490 44 0
                                    

Unicode

အပိုင်း ၂၇၃ - စုမိသားစုဆီမပြန်ခင် ပြင်ဆင်ခြင်း

မုယွမ်ယောင်က ခပ်ဖွဖွပြုံးပြီး အပ်ထိုးခြင်းကိုဘေးဖယ်ထားကာ ကူရှင်ပျော့ပေါ်မှီရင်း ကျင်းလင်ကို လက်မောင်းနှိပ်ခိုင်း၏။

"နီယွင်ဖန်းရဲ့အဝတ်အစားတွေက ဈေးကြီးတဲ့အပြင် နီယွင်အလှတရားစာစောင်က ပိုပြီးတောင် ဈေးကြီးသေးတယ်။ အလှတရားစာစောင်က နီယွင်ဖန်းရဲ့မျက်နှာလို့တောင် ပြောလို့ရတယ်။ ဆိုင်ရဲ့မျက်နှာအတွက် သေချာအားမထုတ်ရင် ဆိုင်နာမည်ပျက်စီးဖို့ပဲရှိတော့မယ်"

"ဒီအစေခံ အတွေးမှားသွားပါတယ်"

မုယွမ်ယောင်က ဘေးပတ်လည်မှာရှိတဲ့ အမျိုးမျိုးသော ပန်းထိုးချည်တွေကို ကြည့်ရင်း တည်ငြိမ်စွာနဲ့

"ကျင်းလင် ဒီနေ့က ဘယ်နေ့လဲ"

"ခုနစ်လပိုင်းအစရောက်တော့မှာပါ…"

မုယွမ်ယောင်ရဲ့အမြင်အာရုံက တဖြည်းဖြည်းနဲ့ ဝေးဝါးသွားသည်။ အရင်ဘဝ ၇လပိုင်းရဲ့ နှစ်ရက်မြောက်နေ့မှာ သူမရဲ့အဘွားလီက သူမကို တောင်ပေါ်မှာ မြက်သွားရိတ်ခိုင်းပြီး အဆုံးမှာတော့ တောင်ထဲမှာ လိုက်လံသတ်ဖြတ်ခံခဲ့ရသည်။ သူမထွက်ပြေးရင်း တောင်ပေါ်က လိမ့်ကျပြီး ကျက်သရေတင့်တယ်လွန်းတဲ့ ရထားလုံးတစ်ခုနဲ့ ဝင်တိုက်မိသွားသည်။ ထိုနောက် မေ့လဲသွားခဲ့၏…

သူမ နိုးလာတော့ လီမိသားစုရဲ့အိမ်ဆီ ပြန်ရောက်နေပြီး ၁၅ရက်နေ့ရောက်တော့ စုမိသားစုက လူလွှတ်ပြီး သူမကိုလာခေါ်ခဲ့သည်။ သူမ နောက်မှသိခဲ့ရတာက စုမိသားစုနဲ့ မသင့်မြတ်တဲ့သူတွေက သူမနဲ့စုမိသားစုရဲ့ တော်စပ်ပုံကိုသိပြီး ထိုအချိန်က ရည်ရွယ်ချက်ရှိရှိ သတ်ဖို့လုပ်ခဲ့သည်ကိုပင်။

ဒါပေမယ့် အခုတော့ အမေနဲ့သူမ ကျင်းလင်ဆီပြောင်းလာပြီ။ နီယွင်ဖန်းနဲ့ ပူးရှန့်လုံလည်း ဖွင့်ထားပြီးပြီ။ ဧကရာဇ်ရဲ့ဆုလာဒ်တွေလည်း ရထားတာမို့ ဂုဏ်သတင်းက နေရာအနှံ့ထိပျံ့နှံ့နေပြီ။ စုမိသားစုက သူမတို့အကြောင်းကို သိနေပြီလားဆိုတာ မသေချာပေမယ့် အဲ့ဒီရန်သူတွေကရော လုပ်ကြံဖို့လူလွှတ်လိုက်ဦးမှာလား?

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Kde žijí příběhy. Začni objevovat