အပိုင်း ၂၁၃/ အပိုင္း ၂၁၃

737 71 0
                                    

Unicode

အပိုင်း ၂၁၃

မုယွမ်ယောင်က ခေါင်းငုံ့သွားသည်။ သူမနှုတ်ခမ်းထောင့်တွေကတော့ ကွေးညွတ်နေဆဲ

"ဒါဆို စစ်ယဲ့ ခရီးလမ်းဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်"

ယွဲ့ဝမ်က မုယွမ်ယောင်ကို သေချာစိုက်ကြည့်နေပြီး တစ်ခုခုပြောချင်ပုံရသည်။

"နောက်ရက်နည်းနည်းကြာရင် ပူးရှန့်လုံ ဖွင့်တော့မှာ။ မင်း ပြင်ဆင်ထားတယ်ဆိုရင်တောင် ချိုင်ယွဲ့ရဲ့ အကြံအစည်တွေကို အချိန်ခဏပဲ ရှောင်လို့ရမှာ၊ ဒီကြားထဲ စိတ်လိုက်မာန်ပါလည်း မလုပ်မိစေနဲ့။ ပူးရှန့်လုံကိုတော့ အထိန်းတော်ချင်းကို ဂရုစိုက်ခိုင်းထားလိုက်၊ ဦးလေးချင်းက သစ္စာရှိတဲ့သူမို့ သူ့ကို ငွေစာရင်းကိုင်ခိုင်းထားရင်တောင် သူက လိမ်မှာမဟုတ်ဘူး။ အဲ့လိုသာဆို မင်းလည်း အနားယူဖို့ အချိန်ပိုရသွားမယ်"

မုယွမ်ယောင်ရဲ့နှလုံးသားက ခပ်ဖွဖွ တုန်ရီသွားပေမယ့် မျက်နှာအမူအရာကတော့ တည်ငြိမ်ဆဲပင်

"အကြံဥာဏ်ပေးတဲ့အတွက် စစ်ယဲ့ကို ကျေးဇူးတင်ပါတယ်"

"နောက်နှစ်လနေရင် ချောင်ယွင်နျန်ရဲ့ ပြောင်းရွှေ့ ခွင့်ကလည်း အမိန့်ကျလာတော့မှာ။ အဲ့အချိန်ကျရင် သူက မြို့တော်ဆီ တိုက်ရိုက်ပြောင်းသွားလိမ့်မယ်၊ နောက်တာဝန်လက်လွှဲယူမယ့်သူက လီမုနျန်"

မုယွမ်ယောင်က စိတ်ရှုပ်ထွေး‌စွာ ခေါင်းမော့လိုက်သည်။

"လီမုနျန်? လီမိသားစုနောက်ခံနဲ့ဆို သူက ဘာလို့ ဒီလို ကျင်းလင်မြို့ရဲ့စတုတ္ထအဆင့် ဆားပို့ဆောင်ရေးသံတမန်ရာထူးလေးကို လှည့်ကြည့်မှာတဲ့လဲ"

အာ... အပြောလွန်သွားပြီ!

မုယွမ်ယောင်တစ်ယောက် ပြောပြီးပြီးချင်း လျှာထိပ်ကို ကိုက်လိုက်သည်။ မကောင်းတော့ဘူး၊ အံ့အားသင့်လွန်းသွားပြီး လီမုနျန်အကြောင်းပါ တကယ်ကြီး ထုတ်ပြောလိုက်မိပြီ၊ ယွဲ့ဝမ် ဘယ်လိုထင်သွားမလဲမသိဘူး။

ယွဲ့ဝမ်လည်း အနည်းငယ် အံ့ဩသွားသည်ပင်။ သူ နာမည်လေးထုတ်ပြောလိုက်ရုံနဲ့ မုယွမ်ယောင်က ရာထူး၊နောက်ခံတွေပါ သိနေမယ်လို့ မတွေးထားမိခဲ့ဘူး။ သူမက မြို့တော်ကို မရောက်ဖူးသေးဘူးမဟုတ်လား။ သူမက တော်ဝင်နန်းတော်ထဲက အာဏာစုတွေအကြောင်း အများကြီးသိထားတယ်လို့ ဘာလို့ထင်မိနေတာလဲ။ သူ စိတ်ရှုပ်ထွေးသွားပေမယ့် စုံစမ်းဖို့တော့ စိတ်ကူးမရှိပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now