အပိုင်း ၂၀၅/ အပိုင္း၂၀၅

595 73 0
                                    

Unicode

အပိုင်း၂၀၅

ဘုရင်ခံကျန်း၏ စာထဲတွင် မုယွမ်ယောင်ရဲ့ နာမည်ကို မြင်လိုက်တာကြောင့် ဧကရာဇ်က မနေနိုင်ဘဲ တိတ်တဆိတ် ချီးကျူးမိသည်။

"မုယွမ်ယောင်က ဆယ့်သုံး၊ဆယ့်လေးနှစ်ပဲ ရှိသေးတာမလား။ ဒီလိုငယ်တဲ့အရွယ်မှာ ချည်ထိုးတဲ့အခြေခံ ဒီလောက်ကောင်းနေတာ တကယ်ကို ထူးခြားတာပဲ"

ရှုလီက အလျင်အမြန် ပြုံးပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး ဒီချည်ထိုးလက်ရာရဲ့ ကျောဘက်ကပုံကို ကြည့်ရှုလိုက်ပါ။ အတော်လေးကို ထူးကဲကောင်းမွန်လှပါတယ်"

အခြွေအရံတွေက ချည်ထိုးလက်ရာကို အလျင်အမြန် လှည့်ပြတဲ့အခါ ကျောဘက်မှာ ရွှေရောင်နဂါးတစ်ကောင်ကို တွေ့လိုက်ရသည်။ ရွှေနဂါး၏ မျက်လုံးများက နေနှင့်လကဲ့သို့ တောက်ပနေ၏။ အရှိန်အဝါက အတော်လေး အံ့အားသင့်စရာ ကောင်းလှသည်။ သာမန်လူတွေ ၎င်းကိုကြည့်ရင်း မတုန်လှုပ်မိဘဲ မနေနိုင်ပေ။

"သိပ်ကောင်းတယ်!"

ဧကရာဇ်က ဒီနတ်နဂါးသည် သူ့ကိုကိုယ်စားပြုမှုနှင့် ကိုက်ညီသောကြောင့် အတော်လေး ပျော်ရွှင်နေလေ၏။

"ကျန်း မုယွမ်ယောင်ကို ကောင်းမွန်တဲ့ ဆုလာဘ်ပေးချင်တယ်။ ပြီးတော့ ဒီနှစ်ထဲမှာ ဟွိုက်အန်းဘုရင်ခံနဲ့ ကျင်းလင်ဆားပို့ဆောင်ရေးသံတမန်(ချောင်ယွင်နျန်)တို့လည်း ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူတို့ တစ်ယောက်ချင်းစီကိုလည်း ဆုလာဘ်ပေးရမယ်"

ရှုလီက ရိုသေစွာဖြင့် ခေါင်းငုံ့ကာ တိတ်ဆိတ်နေပေမယ့် သူ့စိတ်ထဲတွင် သက်ပြင်းချနေမိသည်။ ဒီလူရဲ့ ကံကောင်းမှုကတော့ ဝင်လာမဆဲ တသဲသဲ ဖြစ်နေပြီ!

ကျင်းလင်မြို့ထဲမှာတော့ မုယွမ်ယောင်နဲ့အတူ စုချင်နဲ့ တခြားသူများသည် နှစ်သစ်ကူးကို ကျင်းပပြီးဖြစ်သည်။ အေးစက်တဲ့လေထုကို ရှုထုတ်လိုက်ပြီး သူမရဲ့ ချည်ထိုးလက်ရာကို ဧကရာဇ်ထံသို့ ပို့လိုက်ပြီ ဖြစ်တာကြောင့် လုံးဝကို စိတ်ပေါ့သွားသလို ခံစားလိုက်ရသည်။ စုဝမ်ယွမ်တစ်ယောက် အဲ့ဒီချည်ထိုးလက်ရာကို မြင်ရင် ဘယ်လိုခံစားရမလဲဆိုတာ သူမ သိချင်ပါဘိ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now