အပိုင်း ၁၉၁/ အပိုင္း ၁၉၁

640 76 0
                                    

Unicode

အပိုင်း ၁၉၁


သခင်မကျင်းက နှစ်သစ်လက်ဆောင်ကို ယူဆောင်သွားပြီး ချောင်ယွင်နျန်ကို ဘုရင်ခံရဲ့အိမ်တော်ဆီ ချက်ချင်း ပို့ဆောင်စေသည်။ ဘုရင်ခံကျန်းက ထိုအရာကို မြင်ပြီးနောက် သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှု ဖြတ်ပြေးသွားသည်။ သူ ချောင်ယွင်နျန်ရဲ့ပခုံးကို အားပါပါပုတ်လိုက်ပြီး လက်ပန်းထိုးလက်ရာကို အကောင်းဆုံးပန်းပုဆရာကိုခေါ်ပြီး အခမ်းနားဆုံးနည်းနဲ့ ဘောင်ကွပ်ရန် သူ့လူတွေကို အထပ်ထပ် မှာကြားတော့သည်။

“ညီအစ်ကိုချောင် စိတ်မပူပါနဲ့၊ ဒီပန်းထိုးလက်ရာရဲ့အရင်းအမြစ်နဲ့ အကျိုးဆောင်မှုတွေကို ကျုပ် သေချာ ရှင်းပြပေးမှာပါ။ မင်းနဲ့ အမျိုးသမီးကျင်းကိုလည်း သေချာပေါက် မကျန်စေရပါဘူး”

ချောင်ယွင်နျန်က ဘာမှ မပြောပေမယ့် သူ့စိတ်ထဲမှာ ရွှင်မြူးလို့နေသည်။ သူ့အိမ်တော်ဆီ ပြန်ရောက်တဲ့အခါ အမျိုးသမီးကျင်းရဲ့လက်ကိုကိုင်လို့ ဉယျာဉ်ထဲတွင် နှစ်ယောက်သား အတူတူ လမ်းလျှောက်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပဲ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို သူမအား ပြောပြသည်။ အရင်က ကိုယ်လုပ်တော်ဝမ်ရဲ့သွေးထိုးမှုကြောင့် စိတ်မပျော်မရွှင်ဖြစ်ကြီး သူ့ဒေါသကြောင့် အမျိုးသမီးကျင်း ရက်ပေါင်းများစွာ ဝမ်းနည်းခဲ့ရသည်။ သူမက ရှီးလင်မြို့တော်ရှိ ကျင်းမိသားစုနဲ့ အဆက်ဖြတ်ဖို့ စကားတွေပင် ပြောခဲ့သည်။ နောက်ပိုင်း ကိုယ်လုပ်တော်ဝမ်က သူ့နောက်ကွယ်မှာ ဘယ်လောက်တောင် မောက်မာအထက်စီးဆန်နေခဲ့လဲဆိုတာ သူ ကိုယ်တိုင်ကြားရတော့ သူလည်း အဖြစ်မှန်ကိုသိပြီး သခင်မကျင်းကို ပြန်ချော့နိုင်ဖို့ ရက်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

နောက်ပိုင်း သူမက ကိုယ်ဝန်ဆောင်ကြီးနဲ့တောင် အလုပ်တွေ ပိုပိုကြိုးစားနေတာကို မြင်တဲ့အခါ သူ့ရဲ့အရင်က အပြုအမူတွေက မလျော်ကန်ဘူးလို့ ခံစားလာရသည်။ ထို့ကြောင့် ဒီရက်ပိုင်းအတွင်းမှာ ဘာအလုပ်မှမရှိဘူးဆိုရင် အမျိုးသမီးကျင်းကို အဖော်ပြုပေးဖို့ အိမ်တော်ဆီ ပြန်လာတတ်သည်။ လင်မယားနှစ်ယောက်ကြားက ဆက်ဆံရေးသည် အတိတ်တုန်းကထက် အများကြီး ပိုချစ်ကျွမ်းဝင်လာ၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now