အပိုင်း ၁၉၂/ အပိုင္း ၁၉၂

646 73 2
                                    

Unicode

အပိုင်း ၁၉၂

မုယွမ်ယောင်က ခေါင်းအသာညိမ့်ပြလာတဲ့ စုချင်ကို ကြည့်ကာ သူမစိတ်ထဲက နောက်ဆုံးတုံ့ဆိုင်းတွေဝေနေမှုကို ဖယ်ထုတ်နိုင်ခဲ့သည်။ သူမ ထရပ်လိုက်ပြီး စားပွဲပေါ်ရှိ မထိရသေးသော လက်ဖက်ရည်ခွက်ကို ကောက်ယူကာ သခင်မကျင်းရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူမက ဒူးထောက်ကာ လက်ဖက်ရည်ခွက်ကို ခေါင်းပေါ်နား တင်ကိုင်ရင်း အသံကြည်လင်စွာ ဆိုလိုက်၏။
"ယွမ်ယောင်၊ မွေးစားအမေကို နှုတ်ခွန်းဆက်ပါတယ်။ လက်ဖက်ရည်သောက်သုံးပါဦး"

သခင်မကျင်းက တစ်ငုံသောက်ပြီး သူမမျက်နှာပေါ်ရှိအပြုံးမှာလည်း မထိန်းချုပ်နိုင်စွာဖြစ်တည်လျှက်ရှိသည်။
“ကောင်းပြီ။ယောင်အာ မြန်မြန်ပြန်ထ..""
ပြောလိုက်ရင်း လက်နှစ်ဘက်ဖြင့် ကူထူလိုက်သည်။ သူမက လက်ကောက်ဝတ်မှကျောက်စိမ်းလက်ကောက်တစ်ရံနှင့် ဆံပင်မှ ရွှေဆံညှပ်တစ်ခုကို ယူကာ မုယွမ်ယောင်အား ဂရုတစိုက် ကူညီဝတ်ပေးလိုက်သည်။

မုယွမ်ယောင်က ပြုံးပျော်စွာ လက်ခံလိုက်ပြီး ငြင်းဆိုမည့် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ယခု သူမက သူတို့ကို မွေးစားမိသားစုအဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်တာကြောင့် ယခင်ကလို ခပ်တန်းတန်းမနေသင့်တော့ပေ။
"ကျေးဇူးတင်ပါတယ် မွေးစားအမေ"

သခင်မကျင်းက ခံစားချက်အစစ်အမှန်တိုင်းပြုံးကာ သူမ၏လက်လေးကို တယုတယ ဆုပ်ကိုင်လိုက်သည်။
"အခု ငါ့မှာ ကလေးနှစ်ယောက်ရှိပေါ့.."

မုယွမ်ယောင်က သခင်မကျင်း၏ ဖောင်းကားနေသော ဗိုက်ကို နာကျင်နေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“အရင်တုန်းကတော့ သခင်မ ကလေးမွေးတဲ့အခါ သခင်မဆီကနေ စာအိတ်နီကြီးတစ်အိတ်တောင်းရမယ်လို့ သခင်မကို ဟာသပြောဖူးတယ်လေ။ အခုတော့ စာအိတ်နီကြီး မရနိုင်တော့ဘဲ အဲ့ဒီအစား အငယ်လေးကိုပဲ လက်ဆောင်ပေးရတော့မယ်.."

“မင်း…မင်းကတော့လေ တကယ့်ကပ်စေးနှဲလေး။ စိတ်ချပါ စာအိတ်နီကြီး ပေးပါ့မယ်နော်။ မင်းရဲ့မောင်လေး ကြီးလာတဲ့အခါကျရင်လည်း အစ်မကြီးရဲ့စကားတွေကို နားထောင်ပြီး အလုပ်ကူလုပ်ပေးပါလိမ့်မယ်.."

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now