အပိုင်း ၂၅၆/ အပိုင္း ၂၅၆

295 34 0
                                    

Unicode

အပိုင်း ၂၅၆ - ငါ့မှာဆားရှိတယ်

ဝေ့ချီက သူ့ယောက်ဖအကြောင်းကို ကောင်းကောင်းသိပြီး ခဏလောက် ကြောင်အနေသည်။

"ချီတာ့ရန် ဘာဖြစ်လို့လဲ?"

"အဲ့လူက ပြည့်တန်ဆာအိမ်မှာ မူးရူးပြီး အပျော်မယ်တွေရှေ့မှာ လေလုံးထွားနေတာ၊ အဲ့လိုနေရာက လူမျိုးစုံ စုနေတဲ့နေရာ၊ သတင်းတစ်ခုထွက်သွားခဲ့ရင် မျက်စိတစ်မှိတ်အတွင်း ပျံ့ပြီး ဖုံးကွယ်လို့မရဖြစ်သွားမှာလေ!"

ချီမင်ရဲ့မျက်နှာက အေးစက်ကာ ကြောက်စရာကောင်းနေသည်။

"ကျွန်တော် ခင်ဗျားတို့အတွက် တိတ်တဆိတ် အမှောင်ထဲက လူရှာပြီး ဒီကိစ္စကို ဖြေရှင်းဖို့ ကူညီပေးမယ်၊ ဒါပေမယ့် ခင်ဗျားတို့တွေက ကျွန်တော်တို့ရာထူးကို တိုက်ရိုက် ဖျက်ဆီးနေတာ၊ ခင်ဗျားက လီတာ့ရန်ကို ခင်ဗျားနဲ့အတူ ဆွဲချသွားချင်နေတာများလား?"

ဝေ့ချီက ရှေ့တိုးလာပြီး ကျိုးလုကို ကန်လိုက်သည်။

"ငါ့ကို အမှန်အတိုင်းပြောစမ်း၊ မင်း ကောလာဟလတွေ ဖြန့်ခဲ့တာလား?"

ထိုအချိန်တွင် မူးနေတဲ့ကျိုးလုက သူ့အာရုံ အနည်းငယ် လွင့်နေဆဲဖြစ်သည်။ ဝေ့ချီကိုမြင်တော့ သူက အရှေ့ကို အလျင်အမြန် ပြေးသွားပြီး သနားညှာတာဖို့အတွက် ငိုယိုပြီး တောင်းပန်တော့သည်။

"ယောက်ဖ ကျွန်တော်မှားမှန်းသိပါပြီ၊ ကျွန်တော် ဒီတစ်ခေါက် အများကြီး သောက်မိသွားလို့ ကျွန်တော့ပါးစပ်က ထိန်းလို့မရ ဖြစ်သွားတာ၊ အခြေအနေတွေက ဒီလောက်ထိ ဖြစ်သွားမယ်လို့ မျှော်လင့်မထားမိဘူး၊ အကယ်၍ ယောက်ဖကျုပ်ကိုကယ်ရင် နောက်ကျ ကျွန်တော် မသောက်တော့ပါဘူး"

ဝေ့ချီက သူ့ကို ခါချလိုက်သည်။ ယခုအချိန်တွင် သူ တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်စိတ်ပင် ပေါက်နေသည်။

"ခွေးမသား! မျိုးမစစ်ကောင်..."

ဝူမင်ကျစ်က ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။

"ချီတာ့ရန် ကိစ္စက ပေါ်ပြီးသွားပြီ၊ ကျုပ်တို့ အခု ရှောင်ရှားဖို့ နည်းလမ်းကို ရှာရတော့မယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now