အပိုင်း ၁၉၉/ အပိုင္း၁၉၉

804 79 1
                                    

Unicode

အပိုင်း၁၉၉

စုချင် ထွက်သွားတော့ မုယွမ်ယောင်က ဆိုဖာပေါ်မှီလိုက်ပြီး ယွဲ့ဝမ်ရဲ့ မျက်နှာအမူအရာကို ဂရုတစိုက်တွေးလိုက်သည်။ နီယွင်ဖန်းနှင့် ပူးရှန့်လုံက လွန်ခဲ့တဲ့ နှစ်ဝက်အတွင်း ငွေလျန်တစ်သိန်းလောက် ပေးခဲ့တာဖြစ်သည်၊ အနောက်ပိုင်း ကွမ်းတုံရဲ့ အခြေအနေက တိုးတက်လာတယ်လို့ မပြောနိုင်ပေမယ့် အနည်းဆုံးတော့ အလောတကြီး ငွေရေးကြေးရေး အခြေအနေများတွင်တော့ ဖြေရှင်းနိုင်သည်။ သူမက ဂျင်းလက်ဖက်ခြောက် တစ်သုတ်ကိုလည်း ပေးထားပြီး အကျိုးအကြောင်းသင့်ပြောရရင် သူက သူမကို မကျေမနပ်ဖြစ်စရာ အကြောင်းမရှိပေ၊ ဒါပေမယ့် သူ့မျက်နှာအမူအရာက အေးစက်ပြီး ခပ်တန်းတန်းဖြစ်နေသည်။ သူနဲ့အမေရဲ့ အထောက်အထားတွေကို လျို့ဝှက်ပြီး စစ်ဆေးခဲ့တာများ ဖြစ်နိုင်မလား?

သူမပိုတွေးလေလေ သဲလွန်စ ရှာမရလေဖြစ်နေသည်။ စုချင်က ဖက်ထုပ်တွေနဲ့ ပြန်လာတဲ့အထိ အချိန်တော်တော်ကြာအောင် တွေးနေခဲ့သည်။

“ယောင်အာ ဒါကို မြန်မြန်သွားပို့ချည်၊ အစတုန်းက အထိန်းတော်ချင်းနဲ့ နှစ်သစ်ကူးကို အတူတူဖြတ်သန်းမယ်လို့ သဘောတူထားတာ ဒါပေမယ့် အခု ကျင်းရှို့ဥယျာဉ်ရဲ့ပိုင်ရှင် နင်းစစ်ယဲ့က ပြန်ရောက်လာပြီဆိုတော့ အမေတို့ ဒါကို ပြန်ပြီးဆွေးနွေးသင့်တယ်၊ သူ့ကိုလည်း အမေတို့နဲ့အတူ နှစ်သစ်ကူးကို ဆင်နွှဲချင်လားလို့ မေးသင့်တယ်နော်၊ အကယ်၍ အမေတို့နဲ့အတူ နှစ်သစ်ကူးဆင်နွှဲဖို့ အဆင်ပြေတယ်ဆိုရင် အမေတို့ အတူတူ ပျော်ရွှင်ရမှာ”

ယွဲ့ဝမ်ကိုဖိတ်ပြီး နှစ်သစ်ကူးကို ဒီမှာ ဆင်နွှဲမယ်? သူမအတွက် သက်တောင့်သက်သာဖြစ်ဖို့ မလွယ်မှာ အသေအချာပဲ၊ အကယ်၍ သူသာ ဒီမှာဆိုလျှင် အကုန်လုံးအတွက် ဆိုးရွားတဲ့နှစ်သစ်ကူး ဖြစ်သွားလိမ့်မယ်။

“အမေ နင်းစစ်ယဲ့က ဒီကို အမြန်လာရတာ၊ သူ့မှာလည်း သူ့အစီအစဉ်နဲ့သူ ရှိမှာပေါ့၊ နှစ်သစ်ကူးမှာ သူ့အတွက် လိုအပ်တဲ့ ပစ္စည်းလောက်ပဲ ပို့ပေးရအောင်ပါ၊ သူ့ကို မဆင်မခြင်ဖိတ်တာထက် ပိုကောင်းတယ်လေ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Unde poveștirile trăiesc. Descoperă acum