အပိုင်း ၁၇၉ /အပိုင္း ၁၇၉

751 71 2
                                    

Unicode

အပိုင်း 179 - အဆီတဝင်းဝင်းအသားတုံးလေး ပစ်ကျွေးခြင်း


"နီယွင်ဖန်းကို ကျင်းလင်မြို့ကလူတိုင်း လေးစားအားကျနေကြတယ်ဆိုပေမယ့် မနာလိုတဲ့သူတွေဆိုတာလည်း ပေါမှပေါလေ။ အဲ့ကြောင့် လက်ပန်းထိုးနည်းလမ်းတွေဖြန့်ဝေလိုက်ရင် ကျွန်မရဲ့ရွှေရောင်ဆိုင်းဘုတ်လေးပိုတည်မြဲမလားလို့။ အဲ့ကြောင့် ဆိုင်ရှင်ထန်ကို ပန်းချည်ထိုးသမတွေဆီ နည်းလမ်းအားလုံးသင်ပေးစေချင်တာ။ နည်းလမ်းအားလုံးပြန့်သွားရင်တောင် လူတွေက မူရင်းပိုင်ရှင်ဘယ်သူလဲဆိုတာ သိကြမှာပါ"

ထန်လင် မျက်မှောက်ကြုတ်သွားသည်။
"မိန်းကလေးမူရဲ့နည်းလမ်းတွေကို ဖြန့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက မိန်းကလေးမု တတ်ထားသမျှအကုန်ဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"အနာဂတ်ကျရင် အချိန်မရွေး နီယွင်ဖန်းမှာ လာစုံစမ်းနိုင်ပါတယ်။ လက်ပန်းထိုးနည်း အသစ်တစ်ခု‌ သုံးနေတာတွေ့တာနဲ့ ကျွန်မကို ရာဇဝတ်ရုံးသာတန်းပို့လိုက်"

"နောက်တစ်ချက်! မိန်းကလေးမုက ချိုင်ယွဲ့နဲ့ပဲ ပူးပေါင်းလို့ရမယ်"

"ရတယ် တခြားဆိုင်တွေက ချိုင်ယွဲ့လောက်မသန်မာကြပါဘူး။ ဘာလို့သွားပူးပေါင်းနေရမှာလဲလေ"

မုယွမ်ယောင်သဘောတူလိုက်တာနဲ့ ထန်လင်မျက်နှာမှာ အပြုံးရိပ်သန်းသွားသည်။

မုယွမ်ယောင်ကဆက်ပြောလေ၏။
"ချိုက်ချင်းတို့မောင်နှမတွေက အသက်စာချုပ်ချုပ်ပြီးသွားပြီ။ အခုကစပြီး သူတို့တွေက ကျွန်မတို့မိသားစုရဲ့အစေခံတွေပဲ။ အခုစကပြီး သခင်လေးထန် သူတို့ကို ပြဿနာမရှာတော့ဖို့ မျှော်လင့်ပါတယ်"

ချိုင်ယွဲ့ရဲ့အာဏာကိုလျော့တွက်လို့မရကြောင်း သူမ သဘောမတူချင်လည်း သဘောတူရမည်။ စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ထန်ပါးဝမ်က နှစ်လအကျဉ်းကျခဲ့သည်။ ပြစ်ဒဏ်ကကြီးလေးပေမယ့် ထန်လင်မှာ ပြစ်မှုအတွက်ငွေပေးချေဖို့ အလုံအလောက်ရှိသည်။

"ကောင်းပြီ"
ထန်လင်က ပျော်ပျော်ကြီးသဘောတူလိုက်သည်။ ထိုအစေခံတွေဆိုတာ သူ့မျက်လုံးထဲမှာပင် မရှိချေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Tempat cerita menjadi hidup. Temukan sekarang