အပိုင်း ၂၄၁/ အပိုင္း ၂၄၁

547 56 0
                                    

Unicode

အပိုင်း ၂၄၁ - ယွဲ့ဝမ်နဲ့ သဘောတူညီမှုယူခြင်း

တစ်ချိန်လုံး အပြင်မှာစောင့်နေ‌သော အထိန်းတော်ချင်းက မုန့်ပန်းကန်ဖြင့် ဝင်လာသည်၊ ယွဲ့ဝမ် တွေဝေမိန်းမောနေတာကို မြင်တော့ ဘာဖြစ်တာလဲဆိုတာ ခန့်မှန်းလိုက်သည်။

"ဝမ်ရယ် မိန်းကလေးမု ပြန်သွားပြီလား။ ဒီအစေခံက မုန့်တွေတောင် ပြင်ဆင်လာတာကို"

ယွဲ့ဝမ်က အသိစိတ်ပြန်ဝင်လာပြီး မနေနိုင်ဘဲ ပြုံးလိုက်သည်။ သူ့အပြုံးက သိပ်မသိသာပေမယ့် သူ့အကြောင်း ကောင်းကောင်းသိတဲ့ အထိန်းတော်ချင်းကတော့ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်သည်။

"ဦးလေးချင်း ကျင်းလန်ကို ခပ်ပါးပါးဝတ်ရုံတစ်ထည်လောက် ယူလာဖို့ တစ်ယောက်လောက်လွှတ်ပြီး ပြောခိုင်းလိုက်ပါဦး၊ ဥယျာဥ်ထဲမှာ အေးနေတုန်းပဲ"

အထိန်းတော်ချင်းက အလျင်အမြန် သဘောတူလိုက်သည်။

"ကောင်းပါပြီ ဒီအစေခံ အခုပဲသွားလိုက်ပါမယ်"

နောက်ရက်အနည်းငယ်လောက်အထိ မုယွမ်ယောင်က ယွဲ့ဝမ်ကို တမင်သက်သက်ရှောင်နေပြီး မင်ယင်းကို စုအိမ်တော်တွင် သင်ပေးနေခဲ့သည်။

မင်ယင်းက သူမရဲ့လေ့လာမှုတွင် အရမ်းအာရုံစိုက်လာပြီး ရက်တိုလေးအတွင်းမှာ သူမက ရလဒ်ကောင်းတွေရခဲ့သည်။

"မင်ယင်း မင်းသိဖို့လိုတဲ့ဟာတွေ အကုန်လုံး သင်ပေးပြီးသွားပြီ၊ ကျန်တာက မင်းတာဝန်ဖြစ်သွားပြီ"

မင်ယင်းက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး မုယွမ်ယောင်ကို လေးစားစွာဖြင့် အရိုအသေပေးလိုက်သည်။

"အများကြီး ကျေးဇူးတင်ပါတယ် မိန်းကလေးမု"

မုယွမ်ယောင်ကြောင့်သာ မဟုတ်ရင် သူမ ဒီအခွင့်အရေးကို ရနိုင်မည်မဟုတ်ပေ။

"အရမ်းကြီး ယဥ်ကျေးနေစရာ မလိုပါဘူး၊ မင်း အရင်ကပြောခဲ့တာတွေကို ပြန်သတိရပါ၊ မင်း လီယွမ်ယီကိုမြင်ရင် မင်းကိုယ်မင်းထိန်းပြီး ဘာကိုမှ မထုတ်ဖော်နဲ့၊ ပြီးတော့ ငါ မင်းကိုပေးတဲ့ ဆေးမှုန့်ကို လက်လွတ်စပယ် မသုံးမိစေနဲ့၊ ငါ မပြောမချင်း ထုတ်မသုံးလိုက်နဲ့၊ မှတ်မိလား?"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now