အပိုင်း ၂၅၃/ အပိုင္း ၂၅၃

486 42 0
                                    

Unicode

အပိုင်း ၂၅၃ - ငွေလျှံရေလျှံ

အားလုံးက အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်ကြသည်။

"ကျေးဇူးပြုပြီး အသေးစိတ်ရှင်းပြပေးပါ ခေါင်းဆောင်ဝူ"

"လောလောဆယ် သင့်တော်တဲ့လမ်းကြောင်း နှစ်ခုရှိတယ်။ ပထမနည်းလမ်းက ငွေအမြောက်အများ ရအောင်လုပ်ပြီး လီတာ့ရန်ကို ငွေလျန်တွေပေးပြီး လိုငွေတွေဖြည့်ဖို့၊ ဒီနည်းနဲ့ဆိုရင် သူက ငါတို့ရဲ့ ဆားလဲလှယ်ရေးလုပ်ငန်းကို ပေါ့ပေါ့ပါးပါး သဘောထားပြီး အရင်ကကိစ္စတွေအတွက် လွှတ်ပေးလောက်တယ်။ ဒုတိယနည်းလမ်းက လီတာ့ရန်ကို အညံ့ခံပြီး ပထမမင်းသားနဲ့ တစ်လှေတည်းစီးဖို့၊ အဲ့နည်းလမ်းနဲ့ဆို လက်ရှိမှာ ငွေအများကြီးရှာစရာ မလိုတော့ဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ ပထမမင်းသားရဲ့ လက်ခုပ်ထဲကရေပဲ ဖြစ်တော့မယ်၊ ဘယ်လိုထင်ကြလဲ?"

"ခေါင်းဆောင်ဝူ အခုပြောချင်တာက အခုအခြေအနေက မရှင်းလင်းသေးဘူးပေါ့...."

"အင်း အခြေအနေတွေက မရှင်းလင်းသေးဘူး၊ ငါတို့အနာဂါတ် တိုးတက်မှု ရှိမလာမှာကို ငါကြောက်တယ်၊ ကြည့်ရတာ ပထမနည်းလမ်းက ပိုပြီးသင့်တော်တယ်လို့ ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ငါတို့နောက်ကျရင်လည်း ငွေအချို့ရှာနိုင်ဦးမှာပဲ၊ ဘာလို့ ငါတို့ကိုယ်ငါတို့ ရှေ့တိုးပြီး ကြိုးတင်ခံရမှာလဲ"

"အဲ့တာမှန်တယ်၊ ကျွန်တော်တို့လည်း ပထမတစ်ခုကို ရွေးတယ်"

လူအုပ်ရဲ့အမြင်ကို နားထောင်ပြီးနောက် ဝူမင်ကျစ်တွင် အစီအစဥ်တစ်ခုရှိနေပြီး သူ့စိတ်ထဲတွင်လည်း ပထမနည်းလမ်းကို ပိုစွဲနေသည်။

"ကျွန်တော်တို့က အခုရွေးချယ်ပြီးပေမယ့် ငွေလျန်တွေကိုတော့ ချီမင်ဆီကို အလွယ်တကူ လွှဲပေးလိုက်လို့ မဖြစ်ဘူး၊ ငွေယူပြီးရင် တစ်ဖက်လူက စိတ်မပြောင်းဘူးဆိုတာ သေချာအောင်လုပ်ရမယ်"

"ဟုတ်တယ် ခေါင်းဆောင်ဝူရဲ့ အတွေးတွေက လေးနက်တယ်"

"မင်းတို့အားလုံး ကျုပ်ရဲ့စကားကို နားထောင်တယ်ဆိုမှတော့ ကိုယ့်ဒေါသကိုထိန်းပြီး အမှားတွေ မလုပ်မိကြစေနဲ့၊ သုံးရက်လောက် အရင်သတင်းနားထောင်ပြီးမှ နောက်ထပ် အစီအစဥ်ချလို့ရတယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Onde histórias criam vida. Descubra agora