အပိုင်း ၁၈၉ / အပိုင္း ၁၈၉

810 75 0
                                    

Unicode

အပိုင်း ၁၈၉

စိုးရိမ်စရာကို ဖြေရှင်းပြီးနောက် မုယွမ်ယောင်က ဖက်ထုပ်စားရင်း စုချင်အား ပြုံးပြလိုက်သည်။ မုယွမ်ယောင် ထိန်းချုပ်ထားမည်စိုးသည်မို့ သူမ ပန်းကန်လုံးကို ထပ်ဖြည့်ပေးလိုက်၏။
"မင်း နောက်ထပ်စားချင်သေးရင် နောက်နေ့ကျ  ထပ်လုပ်လိုက်မယ်။ ထိန်းထားဖို့ မလိုပါဘူး....”

စုချင် ပြောပြီးသည့်နောက်တွင် တစ်စုံတစ်ခု မမှန်ကြောင်း သူမ ခံစားလိုက်ရပြီး
“သမီး ဝအောင် စားရမယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကိုယ်အလေးချိန် နည်းနည်း ကျသွားတယ်..."

မုယွမ်ယောင် မျက်တောင်ခတ်ကာ သူမ၏ပါးကို ထိရင်း ကျင်းလန်ဘက် လှည့်ကြည့်လိုက်သည်။
"ဒီရက်အတွင်းမှာ ငါ ပိုပိန်သွားတယ်လား"

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် စုချင်က သူမအတွက် အာဟာရရှိတာတွေ ချက်ပြုတ်ကျွေးမွေးခဲ့၏။ အထိန်းတော်ချင်း ပို့လာတဲ့ ဂျင်ဆင်းကိုပင် တစ်ဝက်ခန့် ပြုတ်ပြီးသွားပြီ။ သူမကတော့ သူမရဲ့ပါးတွေ ပိုဖောင်းပြီး ဝိုင်းလာတယ်လို့ ခံစားနေရသည်။

ကျင်းလန်က အလျင်အမြန်ပင် ခေါင်းညိတ်လိုက်ပြီး
"သခင်မလေး နေ့တိုင်း အလုပ်ကြိုးစားနေတာ ကိုယ်အလေးချိန် ကျသွားတယ်...."

သခင်မလေးက သေးသွယ်သည့် မိန်းကလေး ဖြစ်သည်။ ယခု သူမက ချည်ထိုးစင်ရှေ့မှာ နေ့တိုင်း ထိုင်နေရတာကြောင့် သူမရဲ့ လက်ကောက်ဝတ်နဲ့ လည်ပင်းတို့က မမနိုင်လောက်အောင် မကြာခဏ နာကျင်ရသည်။ အထူးသဖြင့် သူမ၏ လက်ကောက်ဝက်နှင့် လက်ချောင်းများပင်။ လက်ချောင်းတွေကို ညတိုင်း နွေးနွေးထွေးထွေးထားရသည်။ မဟုတ်ရင် နောက်နေ့တွေမှာ ဖောင်းကားလာပြီး မကြည့်ရဲလောက်အောင်ပင်။

“ဟုတ်ပါပြီ”
သူမကို စိတ်ပူနေမှန်းသိသဖြင့် မုယွမ်ယောင် သူတို့ကြား ထပ်မပြောတော့ပေ။ စွတ်ပြုတ်ကို ပန်းကန်တစ်ဝက်လောက်သောက်ပြီးနောက် နှစ်သစ်ကူးလက်ဆောင်က်အတွက် ချည်ဆက်ထိုးဖို့ သူမ အခန်းထဲပြန်ဝင်ခဲ့သည်။

အချိန်တွေက တစ်နေ့ပြီးတစ်နေ့ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ယွီရှီမြို့ အပြင်ဘက်တွင်ဖြစ်၏။ ရက်ပေါင်းနှစ်ဆယ်နီးပါးကြာပြီးနောက်တွင် ကုန်သည်တို့က နောက်ဆုံးတော့ ယွီရှီမြို့ဂိတ်ကို တွေ့လိုက်ရသည်။ သူတို့ သက်ပြင်းချနေစဉ် ကျယ်လောင်သော မြင်းခွာသံများ ချဉ်းကပ်လာကာ မျက်နှာဖုံးစွပ်ဓားပြများက မမျှော်လင့်စွာပင် ပေါ်လာသည်။ ပစ္စည်းတွေ လုယက်ပြီးသွားတော့ သူတို့က အမြန် ဆုတ်ခွာသွားကြသည် ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now