အပိုင်း ၁၉၆/ အပိုင္း၁၉၆

621 66 1
                                    

Unicode

အပိုင်း၁၉၆

ဆယ့်နှစ်လရဲ့ နှစ်ဆယ့်သုံးရက်နေ့တွင် မြို့သူမြို့သားများက နေအိမ်များကို သန့်ရှင်းရေးလုပ်ကြပြီး စားဖိုဆောင်နတ်ဘုရားများကို ပူဇော်ကြသည်။ နန်းတော်ထဲတွင် ဧကရာဇ်က ဧကရာဇ်တံဆိပ်တုံးကို ချိတ်ပိတ်ပြီး သူ့ရဲ့ငယ်သားများဖြင့် ညစာစားပွဲတွင် သောက်စားပျော်ပါးနေသည်။

ပွဲပြီးသည်နှင့် အတွင်းဆောင်အစေခံအကြီးအကဲရှုလီနှင့် အစောင့်နှစ်ဦးက သူတို့လက်ထဲတွင် ပေလိပ်များကို ကိုင်၍ ဝင်လာကြသည်။

“ဒီအစေခံက ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်”

“အိမ်း”

ဧကရာဇ်က အစောင့်တွေနောက်မှ ရှုလီကို ကြည့်လိုက်ပြီး ချက်ချင်းပဲ မတ်မတ်ထိုင်လိုက်သည်။ သူ့မျက်နှာက ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေ၏။

“ဒီအစောင့်နှစ်ယောက်ကို မင်းသမီးကြီးယိသဲ့က ပို့လိုက်တာလား?”

ရှုလီက အမြန်ခေါင်းငုံ့၍ ဖြေကြားလိုက်သည်။

“မှန်လှပါ အရှင်ဧကရာဇ်ကို ဖြေကြားပါတယ်၊ သူတို့နှစ်ယောက်လုံးက တော်ဝင်မင်းသမီးကြီးဖက်ကပါ၊ ဒီနေ့ အရှင်ဧကရာဇ်ဆီကို လက်ဆောင်ပေးပို့ဖို့ အထူးတလည် စေလွှတ်လိုက်တာပါ”

ဧကရာဇ်ရဲ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုတို့က ပိုပြီးနက်ရှိုင်းလာကာ မတ်တပ်ရပ်လိုက်ပြီး လျှောက်လာလိုက်သည်။

“တော်ဝင်မင်းသမီးကြီးက ကျန်းကို အမြဲတမ်း ဂရုစိုက်တယ်၊ အခု တာ့လီမင်းဆက်ရဲ့ အနာဂါတ်အတွက် သူမက ဟုကော်ဘုရားကျောင်းမှာ ဆုတောင်းပေးနေတဲ့အပြင် လက်ဆောင်ပေးဖို့လည်း မမေ့လျော့နေဘူး၊ တကယ်ဝမ်းမြောက်မိတယ်"

ကျန်း - ဧကရာဇ်ကသူ့ကိုယ်သူသုံးနှုန်းတာပါ (ငါကိုယ်တော်)

နန်းတွင်းအရာရှိက အလျင်အမြန် ပြောလာသည်။

“ဟုတ်ပါတယ်၊ တော်ဝင်မင်းသမီးယီသဲ့နဲ့ အရှင်ဧကရာဇ်က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတာကြောင့် အရှင်မင်းကြီးကို အမြဲတမ်း သတိတရရှိနေတာ သဘာဝပါ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now