အပိုင်း ၁၈၃ /အပိုင္း ၁၈၃

672 74 1
                                    

Unicode

အပိုင်း ၁၈၃

ဆယ်ရက်ကျော်ကြာ ပျားပန်းခပ် လှုပ်ရှားပြီးနောက် ခရီးသွားကုန်သည်များက လက်ဖက်ရွက်များကို သယ်ယူကာ ကျင်းလင်မြို့မှ ထွက်ခွာလာပြီး အနောက်ကွမ်းတုံနှင့် အနီးဆုံးမြို့ဖြစ်သည့် ယွီရှီမြို့သို့ ဦးတည်ခရီးနှင်ခဲ့ကြသည်။

အထိန်းတော်ချင်းက ဂျင်းလက်ဖက်ရည်လုပ်ငန်း ပြီးသွားပြီးနောက် ပူးရှန့်လုံဘက်ကို အာရုံပြန်စိုက်လိုက်သည်။ ဧကရာဇ်မင်းမြတ်၏ လက်ရေးမူကို ကူးယူထားတဲ့ ဆိုင်းဘုတ်ကို လက်သမားတစ်ဒါဇင်ကျော်က အသေးစိတ် ထွင်းထုပြီးနောက် ပေးပို့လာခဲ့၏။ သူမရဲ့ လေးစားသမှုကို ပြသရန်အတွက် မုယွမ်ယောင်က အထိန်းတော်ချင်းနဲ့ ဆွေးနွေးခဲ့ပြီး နေ့ကောင်းတစ်ရက်ကို အထူးတလည် ရွေးချယ်လိုက်ကြသည်။ သူမက မီးပုံးပျံ၁၀၀၀ကို လွတ်တင်ဖို့ ချောင်ယွင်နျန်နှင့် ကျန်လူများအားလည်း ဖိတ်ကြားခဲ့သည်။

မီးပုံးလွှတ်တင်ပြီးနောက် ပူးရှန့်လုံ၏ဆိုင်းဘုတ်ကို ခမ်းနားထည်ဝါစွာ ချိတ်ဆွဲထားလိုက်သည်။ သဘာဝကျကျပင် ထိုကဲ့သို့ ကျက်သရေရှိသည့် မြင်ကွင်းက ကျင်းလင်မြို့ရဲ့လူထက်ဝက်ကျော်ကို လာရောက်ကြည့်ရှုဖို့ ဆွဲဆောင်ခဲ့သည်။ ဧကရာဇ်မင်းမြတ်အပေါ် သူမရဲ့ ကျေးဇူးတရားကို ဖော်ပြသည့်အနေဖြင့် မုယွမ်ယောင်က ပူးရှန့်လုံထံမှရရှိသော ကျန်လဝက်အမြတ်ငွေများကို ဆန်စပါးဝယ်ပြီး စောင့်ရှောက်သူမဲ့သက်ကြီးရွယ်အိုများနှင့် မိသားစုနောက်ခံချို့တဲ့သည့် ကလေးများအား ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုအရာက သဘာဝအတိုင်းပင် အများအပြား ချီးမွမ်းခံခဲ့ရ၏။

ထိုအချိန်တွင် စစ်ယို့ကျွီ၏ အကြီးအကဲက ချိုက်ချင်းကို လာရောက်တွေ့ဆုံပြီး သူမကို ပြန်ခေါ်သွားချင်ခဲ့သည်။ သို့သော်လည်း သူမက စာချုပ်ချုပ်ခဲ့ပြီးကြောင်း သိသွားပြီးနောက် သူမအား နှလုံးသားမဲ့စွာ ဆဲရေးပြီး ခါးသီးစွာပင် ထွက်ခွာသွားခဲ့သည်။

ချိုက်ချင်းက သူမရဲ့ယခင်လုပ်ရပ်များကို မုယွမ်ယောင်အလွန်စိတ်ပျက်နေကြောင်း သိတာကြောင့် တမင်တကာ မချဉ်းကပ်ရဲပေ။ ထိုအစား နေအိမ်ဝင်းကို သန့်ရှင်းရေးပြီး သခင်မတင်းလက်အောက်မှာပဲ လက်ပန်းထိုးနည်းပညာကို အာရုံစိုက်လေ့လာခဲ့သည်။ သူမရဲ့ ပင်ကိုယ်စွမ်းရည်ကမဆိုးတဲ့အပြင် အရင်ကလည်း သင်ဖူးပြီးသားမို့ သင်ယူနှုန်းက တော်တော် ကောင်းမွန်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Où les histoires vivent. Découvrez maintenant