အပိုင်း ၂၁၄/ အပိုင္း၂၁၄

578 66 0
                                    

Unicode

အပိုင်း၂၁၄

လျိုလျန်က ခေါင်းမော့လိုက်ပြီး စိတ်အားထက်သန်တဲ့ မျက်လုံးတွေနဲ့ မုယွမ်ယောင်ကို ကြည့်လိုက်သည်။

"သခင် အားလုံးကို ကျွန်တော့်စိတ်နဲ့ကျွန်တော် လုပ်ခဲ့တာပါ။ နောက်ပြီး ကျွန်တော့်ဘဝကိုရောင်းဖို့ စာချုပ်ချုပ်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော့်အသက်ကို သခင်ပိုင်ပါတယ်။ ဒါကို အပြည့်အဝ သုံးနိုင်တာ ကောင်းတဲ့အရာပါ”

သူ့ဘဝကို အရာဝတ္ထုတစ်ခုလို ဖော်ပြနေပေမယ့် သူ့အမူအရာကတော့ နည်းနည်းမှ မပြောင်းလဲပေ။ သူက လုံးဝအဓိပ္ပါယ်မရှိတဲ့ အရာတစ်ခုကို ပြောနေသလိုမျိုး လူတွေရဲ့ နှလုံးသားကိုလည်း အေးခဲသွားစေသည်။ သူ့မျက်နှာပေါ်က လေးနက်နေတဲ့ အမူအရာကိုတွေ့တော့ မုယွမ်ယောင်က သက်ပြင်းချလိုက်သည်။

"မင်း အဲ့လိုဖြစ်စရာ မလိုဘူး။ ငါ မင်းရဲ့ နာမည်အရင်းနဲ့ သရုပ်မှန်ကို မသိပေမယ့် မင်းရဲ့ ပြုမူနေထိုင်ပုံတွေကနေ ငါ နည်းနည်းလောက်တော့ ခန့်မှန်းနိုင်ပါတယ်။ မင်းရဲ့နောက်ခံက သာမန်မဟုတ်ဘူး။ ပြီးတော့ အနာဂါတ်မှာလည်း မင်းရဲ့အရင်နေရာကို ပြန်သွားရနိုင်တယ်။ ငါ မင်းကို တစ်ခါဝယ်ခဲ့တယ်၊ မင်းက ငါ့ကို သစ္စာရှိမှုနဲ့ ပြန်ပေးဆပ်တယ်။ ဒါနဲ့တင် လုံလောက်ပြီ။ ကျန်တာဘာမှထပ်မလိုဘူး"

လျိုလျန်က ပိုပြီး စိုးရိမ်လာသည်။

"ကျွန်တော့်ရဲ့ သရုပ်မှန်က သခင့်ရဲ့ ကိုယ်ရံတော်လျိုလျန်ပါ။ ကျွန်တော်သွားချင်တဲ့လမ်းက သခင့်နောက်လိုက်ပြီး ရှေ့ဆက်သွားဖို့ပဲ..."

သူ့အသက်ကို ပြန်ပေးပြီး သေဖို့စဥ်းစားထားတာပဲ။ သူ စိုးရိမ်နေတာကိုမြင်တော့ မုယွမ်ယောင်က ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်ပါပြီ။ မင်းက အခြေအနေကို ဂရုတစိုက် စုံစမ်းစစ်ဆေးပေးခဲ့ပြီးပြီ။ ငါ့အတွက် တော်တော်လေး အကူအညီ ဖြစ်တာမလို့ စိတ်မပူနဲ့။ ငါဘာလုပ်နေလဲဆိုတာ ငါသိတယ်။ ငါ ဒီနေ့ ကောင်းကောင်းနေနေရတယ် ဆိုကတည်းက ငါ့ဘဝကို သေချာလေး ဂရုစိုက်လို့ပေါ့။ ငါကာကွယ်ပေးချင်တဲ့ အမေ့ကို မတော်တဆလေးတစ်ခုတောင် အဖြစ်မခံနိုင်ဘူးဆိုတာ ပြောနေစရာကိုမလိုဘူး။ မင်း ဘေးခြံက စတုတ္ထသခင်လေးနင်းရဲ့ သရုပ်မှန်ကို သိမယ်ထင်တယ် ဟုတ်တယ်မလား?"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now