အပိုင်း ၂၀၀/ အပိုင္း ၂၀၀

803 84 2
                                    

Unicode

အပိုင်း ၂၀၀

မုယွမ်ယောင် အိမ်ပြန်ရောက်တဲ့အခါ စိတ်မပါလက်မပါနှင့် ဖက်ထုပ်တစ်ခု စားလိုက်သည်။ ဒီအခြေအနေက စုချင်ကိုပါ စိတ်ပူစေလျက် တစ်ခုခုဖြစ်ခဲ့ပုံရတယ်ဆိုပြီး တွေးမိစေ၏။

“ယောင်အာ နင်းစစ်ယဲ့နဲ့ စကားပြောတာ ကတောကကဆ ဖြစ်ခဲ့လို့လား။ ဒါမှမဟုတ် သူက ကျင်းရှို့ဥယျာဉ်ကို ပြန်ယူချင်နေတာလား”

မုယွမ်ယောင် စိတ်နဲ့လူနဲ့ ပြန်ကပ်သွားပြီး စုချင်ရဲ့မျက်ခုံးတွေ တွန့်ကျိုးလို့နေတာကို မြင်တာ့ သူမ အမြန် စုချင်ကို ဖျောင်းဖျလိုက်သည်။

“ဘာရယ် မဟုတ်ပါဘူး။ အခု ပူးရှန့်လုံကနေ သူ့ကို ငွေလျန်အများကြီး ရအောင် ကူညီပေးထားတာပဲ၊ သူက ဘာလို့ ဉယျာဉ်ကို ပြန်လိုချင်မှာလဲ”

“ဒါဆို သမီးစိတ်ထဲ တစ်ခုခုရှိနေတယ်လို့ အမေ ဘာလို့ ခံစားနေရတာလဲ။ အစက သမီး ရေခဲပြင်ပေါ်မှာ ကျင်းလန်တို့နဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတာပါ၊ သူ့ကို မြင်ပြီးမှ သမီး စိတ်အခြေအနေမကောင်းတော့သလိုပဲ။ အမေ့ကို အမှန်တိုင်း ပြောပြ၊ တစ်ခုခု ခက်ခဲနေတာ ရှိတယ်ဆိုရင် အတူတူ ကျော်လွှားကြရအောင်လေ”

စုချင်ရဲ့ စိုးရိမ်နေတဲ့ အမူအရာကို ကြည့်ပြီး မုယွမ်ယောင် ယွဲ့ဝမ်ဘယ်သူဆိုတာ ပြောပြချင်စိတ် ဖြစ်သွားပေမယ့် စုချင်ရဲ့ စိတ်နေသဘောထားကို သူမ သိသည်။ ယွဲ့ဝမ်ဘယ်သူဆိုတာ သူမ သိသွားရင် သူမအပြုအမူတွေက အလွဲလွဲအချော်ချော်ဖြစ်ပြီး အရာရာပိုပြဿနာကြီးသွားနိုင်သည်။

“အမေ မစိုးရိမ်ပါနဲ့၊ တကယ်တော့ ဒါက နင်းစစ်ယဲ့နဲ့ မသက်ဆိုင်ပါဘူး။ သမီး မြို့တော်ဆီ ပို့လိုက်တဲ့ နှစ်သစ်လက်ဆောင် အကြောင်း ရုတ်တရက် တွေးမိသွားလို့ပါ။ မနက်ဖြန် နှစ်သစ်ကြိုဆိုပွဲကျရင် ဧကရာဇ်က နှစ်သစ်လက်ဆောင် မြင်တွေ့တဲ့အခါ ကြိုက်မယ် မကြိုက်ဘူး မသိရသေးဘူးလေ”

သူမအမူအရာက လိမ်ညာနေပုံ မရတာမြင်တော့ စုချင်က မနေနိုင်ဘဲ ရယ်မိသွားသည်

“စိတ်မပူပါနဲ့ကွယ်။ သမီး နှစ်သစ်လက်ဆောင်ကို တစ်ချက်ချင်း လက်ပန်းထိုးတာကို အမေလည်းမြင်ပါတယ်၊ အမှားတစ်ချက်လေးတောင် မပါပါဘူး။ ဘုရင်မင်းမြတ် သေချာပေါက် ကြိုက်မှာပါ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now