အပိုင်း ၁၈၁ /အပိုင္း ၁၈၁

725 73 4
                                    

Unicode

အပိုင်း ၁၈၁

“ကောင်းပြီ ဒါဆို အဲ့လိုပဲ လုပ်ကြတာပေါ့။ ကျေးဇူးပြုပြီး အမျိုးသားတွေကို ဖု၊ရှို့၊အန်း၊ခန်း စာလုံးလေးလုံးကို ရေးပေးလို့ရမလားလို့ တောင်းဆိုပေးပါနော်။ အဲ့တာတွေကို စုပြီးရင် အမျိုးသမီးတွေကို အဲ့ဒီ ဖု၊ရှို့၊အန်း၊ခန်း စာလုံးသေးတွေကနေ စာလုံးအကြီးတွေအဖြစ် ချည်ပြောင်းထိုးခိုင်းရမယ်။ အကယ်၍ အဲ့မှာ ချို့ယွင်းချက်တွေရှိနေမယ်ဆိုရင် နီယွင်ဖန်းက ပန်းချည်ထိုးသမတွေကို ဦးဆောင်ပြီး အပြီးသတ်လိုက်မယ်။ သူတို့လည်း နှစ်သစ်ကူးပွဲတော်အတွက် နောက်ကျရဲမှာ မဟုတ်ပါဘူး”

“ကောင်းတယ်၊ အဲ့တာ ကောင်းတယ်”

အမျိုးသမီးကျင်းက ဝမ်းသာသွားသည်။ သူမက မုယွမ်ယောင်ကို ကူညီပေးဖို့ လာတာဆိုပေမယ့် မမျှော်လင့်ထားပဲ ကြီးမားတဲ့ပြဿနာတစ်ခုကို ဖြေရှင်းပြီးသွားသည်။

“အဲ့ဒီကိစ္စကို ငါ တခြားသူတွေနဲ့ သေချာဆွေးနွေးဖို့ လိုသေးတယ်။ အခုတော့ မင်းကိုယ်မင်း ပြင်ဆင်ထားရမယ်နော်။ ဒီကိစ္စက အရင်ကကိစ္စတွေထက် ပိုပြီး အရေးကြီးတယ်၊ ဒီကိစ္စကို မင်းမပါပဲ ကိုင်တွယ်လို့မရဘူး”

“ကျေးဇူးပြုပြီး စိတ်အေးအေးနဲ့နေပါ သခင်မ၊ ကျွန်မ အကောင်းဆုံး လုပ်ပါ့မယ်၊ အကောင်းဆုံး ကြိုးစားပြီး ကျင်းလင်မြို့အတွက် ဂုဏ်သရေကို‌ ဆောင်ကျဉ်းပေးပါ့မယ်၊ ဘာကိစ္စပဲရှိလာပါစေ ကျွန်မ ကြိုးစားပြီး လုပ်ပေးပါ့မယ်”

“ကောင်းပြီ ဒီလိုပြောလာမှတော့ ငါ စိတ်သက်သာရာရပြီ”

အခု နှစ်သစ်ကူးပွဲတော်အတွက် စီစဉ်ပြီးပြီဆိုတော့ အမျိုးသမီးကျင်းရဲ့ အပြုံးက ပိုကြီးလာသည်။ စုချင်က လူတွေကို ဦးဆောင်ပြီး ဟင်းခွက်တွေ သယ်လာတာမြင်တော့ သူမ ပိုပြီးတောင် ပျော်ရွှင်သွား၏။

စုချင်က အမျိုးသမီးကျင်း စိတ်အခြေအနေကောင်းတာကို မြင်တော့ သူမစိတ်ကို ဖြေလျော့လိုက်ပြီး အကုန်လုံးကို ပိုပြီး သင့်လျော်စွာဖြင့် ဂရုတစိုက် ပြင်ဆင်လိုက်၏။ သူမရဲ့ စကားပြောဆိုမှုကလည်း ပိုပြီး ပေါ့ပါးလာသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now