အပိုင်း ၂၆၇/ အပိုင္း ၂၆၇

267 36 0
                                    

Unicode

အပိုင်း ၂၆၇ - ယွဲ့ဝမ် မုယွမ်ယောင်ကိုစမ်းသပ်ပြီ

အထိန်းတော်ချင်းက စုံစမ်းထားတဲ့အချက်အလက်တွေကိုတွေးရင်း စိတ်ရှုပ်ထွေးနေသည်။

“သခင် ကျွန်တော်မျိုးတို့ ဆက်စုံစမ်းသင့်လား”

အတွေးထောင်ပေါင်းများစွာရှိနေပြီး အရိပ်အမြွက်အားလုံးက မြို့တော်က စုမိသားစုဆီ ဦးတည်နေသည်။ ယွဲ့ဝမ်က အတိတ်တုန်းက စုမိသားစုမှာ ဖြစ်ပျက်သွားခဲ့တာကို ပြန်တွေးမိပြီး မျက်အိမ်တွေတုန်ရီသွား၏။

“ဦးလေးချင်း ရှေးနှစ်တွေတုန်းက စုမိသားစုမှာ ကလေးပျောက်သွားဖူးတယ်မဟုတ်လား”

"ဟုတ်တာပဲ အဲ့လိုမျိုး ရှိခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက စုမိသားစုက အခုလောက် ကျော်ကြားတဲ့မိသားစု မဟုတ်တာတောင် ပျောက်သွားတဲ့ကလေးကိုရှာဖို့ ရှိသမျှငွေ အကုန်ထုတ်သုံးခဲ့တာ။ တောင်ဝင်မင်းသမီးကြီးယိသဲ့တောင် ထိတ်လန့်သွားရသေးတယ်။ ဧကရာဇ်ကလည်း စုမိသားစုရဲ့ သခင်မကြီးကို နှစ်သိမ့်ဖို့ လက်ဆောင်တွေအများကြီး ပေးခဲ့သေးတယ်”

“ဦးလေးချင်း သခင်မစုက စုမိသားစုရဲ့ ပျောက်သွားတဲ့ကလေး ဖြစ်နိုင်လား”

“ဝမ်ရယ်ပြောချင်တာ သခင်မစုက စုသခင်မကြီးရဲ့ သမီးရင်း၊ စုဝမ်ယွမ်ရဲ့ ညီမလို့လား”

အထိန်းတော်လည်း အံ့အားသင့်သွားသည်။ သို့ပေမယ့် သေသေချာချာ တွေးကြည့်ရင်း ခေါင်းယမ်းကာ

“မဖြစ်နိုင်လောက်ဘူး ဝမ်ရယ်။ သခင်မစုကိုမွေးစားခဲ့တဲ့လင်မယားက စုမိသားစုနဲ့ ဆက်စပ်နေတာတော့ ဟုတ်တယ်။ စုမိသားစုက တစ်နှစ်ပြီးတစ်နှစ် အာဏာကြီးလာတာ သူတို့သာစုံစမ်းချင်ရင် လွယ်လွယ်လေးပါ။ ဒါပေမယ့် နှစ်တွေအများကြီး ကြာတာတောင် သခင်မစုကို မရှာနိုင်သေးဘူးလေ”

“ဒါက သံသယဝင်စရာအချက်ပဲ...”

ယွဲ့ဝမ်က ဂရုတစိုက်စဉ်းစားနေရင်း အတွေးပြောင်းသွားသည်။

“ဦးလေးချင်း သခင်မစုက သူ့နောက်ခံသူ သိလောက်မယ်ထင်လား”

“အသက်အရဆို သခင်မစု ပျောက်သွားတုန်းက ကလေးအရွယ်ပဲရှိသေးတာ။ မသိနိုင်လောက်ဘူး”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now