အပိုင်း ၂၆၄/ အပိုင္း ၂၆၄

271 37 1
                                    

Unicode

အပိုင်း ၂၆၄ - နေရာအနှံ့ကိုပျံ့နေပြီဖြစ်တဲ့ ကောလဟာလ

မုယွမ်ယောင် အိမ်ပြန်ရောက်တော့ ယွဲ့ဝမ်ပေးတဲ့ရတနာသေတ္တာကို သိုလှောင်ခန်းထဲသိမ်းဖို့ ကျင်းလန်ကို ညွှန်ကြားလိုက်သည်။ အဲ့ဒီအရာတွေကို သူမတစ်ဘဝလုံး မဝတ်ဖြစ်လောက်ပေ။ နောက်ရက်တွေမှာ မုယွမ်ယောင်က ကျင်းရှို့ဥယျာဉ်ဆီသွားပြီး ဆားနဲ့ကျန်းနန်ဆားကုန်သည်တွေကို ဘယ်လိုကိုင်တွယ်ရလဲဆိုတာကို ယွဲ့ဝမ်နဲ့ သွားဆွေးနွေးခဲ့သည်။ နှစ်ယောက်လုံးရဲ့ အမူအရာတွေက ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်းရှိနေပြီး ဆက်ဆံရေးကလည်း နဂိုအတိုင်းပင်။ အရင်ကဖြစ်ခဲ့တဲ့ မပျော်ရွှင်ဖွယ်ရာတွေကို ထုတ်မပြောမိဖို့ နှစ်ယောက်လုံး နားလည်ထားကြသည်။ သို့ပေမယ့် ဖြစ်ပျက်သွားတဲ့အရာတွေက မြေပြင်ပေါ် ရေဖြတ်စီးဆင်းသွားသလို သဲလွန်စတွေတော့ ကျန်နေခဲ့၏။

ယန်ကျိုးမြို့မှာ လီယွမ်ယီက ဆားပို့ကုန်ကိုကြည့်ရင်း မျက်လုံးထဲ အပြုံးရိပ်သန်းနေသည်။ အစကတော့ သူ ကျန်းနန်ဆီ ဆားအခွန်အတွက် စုံစမ်းဖို့လာခဲ့ရင် ကြင်နာတတ်တဲ့လူတစ်ယောက်လို ဟန်ဆောင်ပြီး တံစိုးလက်ဆောင်တွေ လက်ခံပစ်မယ်ဟူ၍။ မမျှော်လင့်ထားတာက ဘာမှလုပ်စရာမလိုဘဲ အကုန်တံခါးဝရှေ့ ရောက်လာကြလိမ့်မယ် ဆိုတာကိုပင်။ အဲ့ဒီယန်ကျိူးအရာရှိတွေ အသက်ရှင်ရတာ ငြီးငွေ့နေကြတဲ့ပုံပဲ။ သူတို့ ဆားအခွန်ကိစ္စထဲ ဝင်ပါလိုက်ကြသေးတယ်။

ဆားကုန်သည်တွေမှာလည်း အခုမှ သက်ပြင်းချနိုင်သွားကြသည်။ အခြေအနေက အလှည့်အပြောင်းတွေရှိသွားပေမယ့် အဆုံးမှာတော့ အန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်သွားတယ်။ လီယွမ်ယီကို အကျိူးအမြတ်ရအောင် လုပ်ပေးထားလို့ ပထမမင်းသားက သူတို့ဆီမှာ အကြွေးတစ်ခုတင်သွားပြီ။ အနာဂတ်မှာ အဲ့ဒါက အသုံးဝင်လာနိုင်သည်။ ငွေတွေဆုံးရှုံးသွားတာက‌တော့ နှစ်နည်းနည်းလောက် ကြိုးစားလိုက်ရင် ပြန်ဝင်လာမှာပါပဲ။

သူတို့တွေ ရက်နည်းနည်းလောက် ဂုဏ်ယူနေစဉ်မှာပဲ ထိတ်လန့်စရာသတင်းတစ်ခုက လီယွမ်ယီနဲ့ ကျန်းနန်းဆားကုန်သည်တွေဆီ တိုက်ရိုက်ရောက်လာသည်။ 'စုံစမ်းစစ်ဆေးပြီးနောက် မြောက်အရပ်ဆီသယ်သွားမယ့် ဆားတွေက လင်ကျန်းမြို့ကိုအဖြတ်မှာ သင်္ဘောနစ်ပြီး ဆားတွေ အကုန်မြုပ်ကုန်သည်' ဟူ၍…

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now