အပိုင်း ၂၁၉/ အပိုင္း ၂၁၉

562 60 0
                                    

Unicode

အပိုင်း ၂၁၉
တိုင်းတရားသူကြီးကျောက်က လက်မြှောက်ပြီး အားလုံးကို တိတ်တိတ်နေဖို့ အချက်ပြကာ ကတိစကားပေးလိုက်၏။
"အားလုံး ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ။ ကျုပ် ဒီကိစ္စကို သေချာစီစစ်ပြီး ဘက်မလိုက်ဘဲ ကိုင်တွယ်ပေးမယ်။ ပူးရှန့်လုံနဲ့ မိန်းကလေးရဲ့အပြစ်ကင်းမှုကို သက်သေပြပေးရုံတင်မကဘူး၊ မိန်းကလေးမင်ယင်းကိုလည်း ဖြေရှင်းချက်တစ်ခုပေးပါ့မယ်"
ဒီတစ်ခေါက်‌သက်သေက ခိုင်မာတာမို့ ထန်လင် သူ့ကို ဘယ်လောက်ဖိအားပေးပေး ထန်ပါးဝမ်ကို လုံးဝလျော့ပေါ့ပေးမှာ မဟုတ်ဘူး!
"ကျောက်တာ့ရန် အမြော်အမြင်ကြီးလှပါတယ်!"
"လူကြီးမင်းကျောက်ကို ဖြေရှင်းခိုင်းရင် ငါတို့စိတ်အေးရပြီ"
မုယွမ်ယောင်က ရှေ့တစ်လှမ်းတိုးတာ အရိုအသေပေးလိုက်သည်။
"ဒီအရပ်သူက ကျောက်တာ့ရန်ကို မင်ယင်းအစား ကျေးဇူးတင်ပါတယ်"
"မိန်းကလေးမူ ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒါက ကျုပ်တာဝန်ဝတ္တရားပါ။ ကျေးဇူးပြုပြီး သတင်းကောင်းကို စောင့်နေပေးပါ"
တိုင်းတရားသူကြီးကျောက်က သူ့လက်အောက်ငယ်သားတွေ အမိန့်ပေးလိုက်၏။
"ထန်ပါးဝမ်နဲ့ သူ့အစေခံကို တိုင်းအစိုးရရုံးဆီ ပြန်ခေါ်သွားချေ။ လက်ဖက်ရည်ခွက်နဲ့ တခြားသက်သေတွေကိုပါ သူတို့နဲ့အတူ ယူလာခဲ့"
"ကျွန်မ လိုက်ပို့ပါရစေ ကျောက်တာ့ရန်"
မုယွမ်ယောင်က မတ်တပ်ထရပ်ကာ သူမအတွက် သက်သေခံပေးခဲ့တဲ့သူတွေဘက် လှည့်ပြီး အရိုအသေပေးလိုက်သည်။
"ရှင်တို့ရဲ့ တရားမျှတတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့အားလုံး ပူးရှန့်လုံမှာ လက်ဖက်ရည် အခမဲ့သောက်နိုင်ပါတယ်ရှင်။ ဧည့်သည်တွေကို နှောက်ယှက်မိတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ပါ”
“ယဉ်ကျေးနေဖို့မလိုပါဘူး မိန်းကလေးမု။ မင်းနဲ့ မိန်းကလေးမင်ယင်း အနိုင်ကျင့်ခံနေရတာကို ကျုပ်တို့ ဒီတိုင်းကြည့်မနေနိုင်ပါဘူး”
“ဟုတ်တယ် လက်ဖက်ရည်ဖိုးအတွက်လည်း ကျုပ်တို့ဖာသာပေးရမှာပေါ့”
မုယွမ်ယောင်ပြုံးရင်း ခေါင်းခါ၏။
“အကုန်လုံးက ချိုင်ယွဲ့ဆိုင်ဆိုတာ ကောင်းကင်က နေမင်းကြီးလို ထွန်းလင်းနေမှန်းသိတာတောင် ပူးရှန့်လုံအတွက် ရပ်တည်ပြီး သက်သေခံပေးနေကြတုန်းပဲ။ ကျွန်မ အရမ်းကို ကျေးဇူးတင်မိတာပါ။ ဒီလိုကြင်နာမှုအတွက် ပြန်ပေးဆပ်ရမှာပေါ့။ တစ်နေ့တာ လက်ဖက်ရည်ဖိုးလောက်ကိုတော့ ကျွန်မ ဒကာခံနိုင်ပါတယ်”
ထိုစကားတွေ မုယွမ်ယောင်ပါးစပ်ကနေ ထွက်ပေါ်လာတော့ စိတ်ရင်းမှန်မှုကိုပါ သယ်ဆောင်လာ၏။ လူတိုင်း ထူးထူးခြားခြား အရာတစ်ခုကို လုပ်လိုက်လို့ ပြန်ပေးဆပ်ခံရသလို ခံစားလိုက်ရပြီး စိတ်သက်သာသွားကြသည်။
“ကောင်းပါပြီ ဒါဆိုလည်း မိန်းကလေးမုကို ကျေးဇူးတင်ပါတယ်”
မုယွမ်ယောင်က မင်ယင်းအနားယူရအောင် အနောက်ဘက်ခြံထဲကို ခေါ်သွားသည်။ လူကွယ်ရာ‌ရောက်တော့ မင်ယင်းက မတ်မတ်ရပ်ပြီး ခြေတစ်ဖက်ရှေ့ထုတ်ကာ အလေးပြုလာ၏။
“ကျွန်မ မိန်းကလေးမုနဲ့ ဆိုင်ရှင်ချင်းကို စိတ်ပူအောင်လုပ်မိသွားပြီ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now