အပိုင်း ၂၅၀/ အပိုင္း ၂၅၀

335 42 0
                                    

Unicode

အပိုင်း ၂၅၀ - ရည်ရွယ်ချက်အောင်မြင်ပြီ

လီယွမ်ယီက ထိုအချိန်တွင် လက်ဖက်ရည်ကို အရသာခံမနေချင်ပေ၊ ပုံမှန်အားဖြင့် သူက အမျိုးသမီးတွေကို ပျော်ရွှင်စေဖို့ ချော့မြှူတတ်ပေမယ့် အခု သူ မုယွမ်ယောင်ကို ကြည့်လိုက်တော့ အရာအားလုံးက မပြေပြစ်သလို ခံစားလိုက်ရသည်။ သူက လက်ဖက်ရည်ခွက်ကိုသာ လက်ခံလိုက်ပြီး စိတ်မပါလက်မပါပဲ အရသာခံလိုက်သည်။

"မိန်းကလေးရဲ့ လက်ဖက်ရည်ဖျော်စွမ်းရည်က ကမ္ဘာမှာ ပြိုင်ဘက်ကင်းပဲ၊ ပြီးတော့ လက်ဖက်ရည်ရဲ့အနံကိုရှူပြီး နည်းနည်းတောင် မူးဝေသလို ခံစားရတယ်"

"တာ့ရန်ကတော့ ကျွန်မကို မြှောက်နေပြန်ပါပြီ"

မုယွမ်ယောင်က ပြုံးပြီးပြောလိုက်သည်။

"အကယ်၍ တာ့ရန် လုပ်စရာတစ်ခုခုရှိရင် အရင်သွားပြီးလုပ်လိုက်ပါ၊ နောက်မှ လက်ဖက်ရည်သောက်ချင်တယ်ဆိုရင် ကျွန်မကို လူတစ်ယောက်ကြိုလွှတ်ပြီး အကြောင်းကြားပေးပါ၊ အဲ့အခါကျရင် တာ့ရန်အတွက် လက်ဖက်ရည်အသစ် ရှာထားလိုက်ပါ့မယ်"

"ကောင်းပါပြီ ဒီလိုဆိုတော့လည်း အဲ့လိုပဲလုပ်တာပေါ့"

လီယွမ်ယီက လီမုနျန်ကိုကြောက်သည်။ သူ့ရဲ့ အရင်လှည့်စားမှုက လီမုနျန်ဆီကနေ ဖောက်မြင်ခံလိုက်ရတာ သူသိသည်။ ဒီတစ်ကြိမ်တော့ သူကြာကြာ ထပ်မနေရဲတော့ပေ၊ အလှလေးတွေက အရေးကြီးပေမယ့်လို့ အကယ်၍ လီမုနျန် ဒေါသထွက်ပြီး သူ့ရဲ့အပြုအမူတွေကို အမတ်လီထံ တင်ပြလိုက်ပါက သူတို့ တစ်ခုခု လုပ်လိမ့်မည်ဖြစ်ပြီး ဌာနခွဲရဲ့ အနာဂါတ်ကိုလည်း ထိခိုက်လိမ့်မည်။

"ကောင်းပါပြီ ယွမ်ယောင် လီတာ့ရန်ကို စောင့်မျှော်နေပါ့မယ်"

လီယွမ်ယီ ထွက်သွားတာနဲ့ မုယွမ်ယောင်က တံဆိပ်တုံးကို ယူထားလိုက်ပြီး စာကြည့်ဆောင်သို့ အလျင်အမြန် သွားလိုက်သည်။ အထိန်းတော်ချင်းက စာကောင်းပေကောင်းတွေနဲ့ ပြည့်နေတဲ့ သေတ္တာကို ယူလာပြီးဖြစ်သည်။ လီယွမ်ယီသာ ဒီနေရာမှာဆိုရင် ဒီလက်ရေးတွေက သူ့လက်ရေးတွေနဲ့ တစ်ပုံစံတည်းဖြစ်ကြောင်း သေချာပေါက် သိမည်ဖြစ်သည်။ သူ သေချာဂရုတစိုက် စစ်ကြည့်ရင်တောင် ကွာခြားချက်ကို သတိထားမိဖို့က အတော်လေးခက်ခဲမှန်း သိသာလှသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now