အပိုင်း ၂၆၉/ အပိုင္း ၂၆၉

273 33 0
                                    

Unicode
အပိုင်း ၂၆၉ - ဆက်ဆံရေးကို ဖြတ်တောက်လိုက်သည်

“မိန်းကလေးမု ရောက်နေတာလား?”

အထိန်တော်ချင်း အလွန် ပျော်ရွှင်သွားသည်။

“ဝမ်ရယ်၊ ကျုပ် မိန်းကလေးကို ကြိုဆိုချင်တယ်။ ဝမ်ရယ် ဒါကို သေချာ စဉ်းစားချင့်ချိန်ပြီး သူ့ကို အသိပေးဖို့ ဆုံးဖြတ်သင့်တယ်။ မိန်းကလေးမုစိတ်ထဲ အငြှိုးအတေး မကျန်အောင် ဝမ်ရယ် စကားကောင်းကောင်း ပြောရမယ်”

ပျော်ရွှင်နေပုံက ယွဲ့ဝမ်ရဲ့မျက်နှာပေါ်တွင် စာရေးထားတဲ့အတိုင်းပင်၊ သူ့ အဝတ်အစားတွေကို ဘာသိဘာသာနဲ့ တည့်အောင် ပြင်ပြီးနောက် ယွီဟိန်ကို သူမအား အထဲ ဖိတ်ကြားခိုင်းလိုက်သည်။


မုယွမ်ယောင် အခန်းထဲ ဝင်လာကာ ယွဲ့ဝမ်ကို တရိုတသေနဲ့ အရိုအသေပေးသည်။

“အရှင့်သား ယွဲ့ဝမ်ကို နှုတ်ဆက်ပါတယ်”


သူမ ခေါဝေါ်တဲ့ အသုံးအနှုန်းကို ကြားတော့ သူ့စိတ်ထဲက အလင်းရောင်လေး ဖျော့တော့သွားပေမယ့် သူ့အမူအရာကတော့ လုံးဝ မပြောင်းလဲပေ။

“အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး”

မုယွမ်ယောင် သူမလက်ထဲက စာအုပ်ကို စားပွဲပေါ်ချလိုက်ပြီးနောက် အထိန်းတော်ချင်းကို အားတုံအားနဲ့ အကြည့်ဖြင့် ကြည့်ကာ

“ကျွန်မ အရှင့်သားယွဲ့ဝမ်နဲ့ တသီးတသန့် ဆွေးနွေးစရာ ကိစ္စလေးအချို့ ရှိလို့ပါ။ အထိန်းတော်ချင်း ခဏလောက် ထွက်နေပေးဖို့ တောင်းဆိုလို့ရမလား?”


အထိန်းတော်ချင်း ချက်ချင်းပြုံးကာ ပြောသည်

“ဒါဆို ဒီအစေခံအိုကြီး အရှင့်သားနဲ့ မိန်းကလေးမုအတွက် စားစရာအချို့ သွားပြင်လိုက်ပါဦးမယ်”


ယွဲ့ဝမ်ရဲ့ အကြည့်က စာအုပ်ပုံဆီ ရောက်သွားသည်။ ကြည့်ရတာ စာရင်းစာအုပ် ဖြစ်ရမယ်။

မုယွမ်ယောင်က စာရင်းစာအုပ်ကို ယွဲ့ဝမ်ဆီ တွန်းပို့ပြီး ပြောလာသည်

“အရှင့်သား၊ ဒါတွေက လွန်ခဲ့တဲ့လအနည်းငယ်အတွင်း နီယွင်ဖန်းရဲ့ စာရင်းစာအုပ်တွေပါ။ ကျွန်မ ဒါတွေကို ရှင်းလင်းထားပြီး ရှင့်ဆီ ခွဲပေးရမယ့် အကျိုးအမြတ်တွေ တွက်ပြီးပါပြီ၊ ဒါက ငွေစာရွက်တွေပါ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now