အပိုင်း ၂၁၁/ အပိုင္း၂၁၁

611 74 0
                                    

Unicode

အပိုင်း၂၁၁

မြို့တော်ရဲ့ စည်ကားမှုကိုသာ မြင်နေကျဖြစ်တဲ့ မိန်းမစိုးလီက သူ့ရှေ့က လှပတဲ့ရှုခင်းတွေကို ကြည့်ပြီး စိတ်ဝင်စားနေတော့သည်။
“ပူးရှန့်လုံကတော့ သူ့ရဲ့ နာမည်ကျော်ကြားမှုနဲ့ ကိုက်တယ်။ လှပတယ်၊ တကယ်ကို လှပလွန်းပါတယ်”

လရောင်ဖြူအင်္ကျီကို ဝတ်ဆင်ထားတဲ့ မုယွမ်ယောင်က ဖြေးဖြေးချင်း လျှောက်လာသည်။ များစွာသော မီးပုံးတွေက သူမအဝတ်အစားပေါ် ရောင်ပြန်ဟပ်ပြီး အနီရောင်တောင် ပေါက်နေပြီဖြစ်သည်။ သူမရဲ့ နဂိုလှပတဲ့ မျက်နှာက အခုပိုလို့ပင် ကျက်သရေရှိနေသည်။ ထူးခြားတာက သူမခေါင်းမှာ ပန်းတစ်ပွင့် ပန်ဆင်ထားသည်။ ထိုပန်းက သူမနားရွက်ဘေးဘက်ကို လျှောကျနေပြီး လမ်းလျှောက်တိုင်း လှုပ်ခါနေကာ သူမရဲ့ လှုပ်ရှားမှုကို ပိုမိုကြွရွသွားအောင် ပံ့ပိုးနေသည်။
“‌မွေးစားအဖေနဲ့ လီကုန်းကုန်းကို အရိုအသေပေးပါတယ်”

မိန်းမစိုးလီက ချီးကျူးလိုက်သည်။ အကယ်၍ တစ်နေ့နေ့ မုယွမ်ယောင်သာ မြို့တော်ကိုလာဖြစ်ရင် မရေမတွက်နိုင်လောက်တဲ့ တော်ဝင်မိန်းမပျိုတွေရဲ့ မနာလိုမှုကို တူးဆွသလို ဖြစ်သွားလိမ့်မည်။ သူမရဲ့ ပင်ကိုယ်စရိုက်က ကျက်သရေရှိပြီး ကြော့ရှင်းပြေပြစ်သည့် စိတ်သဘောထားနှင့် သူမက အတော်လေး လှပကာ လန်းဆန်းတက်ကြွသည်။

“မိန်းကလေးမုကတော့ ယဉ်ကျေးနေပြန်ပါပြီ။ ဒီနေ့ ကျုပ် ပူးရှန်းလုံကိုရောက်မှပဲ အရင်ကြုံခဲ့ရတဲ့ မီးပုံးပွဲတော်တွေက အချည်းနှီးပဲဆိုတာ သိလိုက်ရတယ်။ ကဗျာတွေစာတွေ ဖွဲ့မမီနိုင်ပါဘူး”

“လူကြီးမင်းက ဒီလိုချီးကျူးတော့ ယွမ်ယောင် တကယ်မနေတတ်တော့ပါဘူး။ ကျေးဇူးပြုပြီး လက်ဖက်ရည်သုံးဆောင်ဖို့ အထဲကြွပါရှင်”

တခြားနေရာတွေမှာ လူတွေရဲ့အာရုံကို ဆွဲဆောင်ဖို့အတွက် ကချေသည်တွေ၊ ပြဇာတ်အဖွဲ့တွေ ဖိတ်ခေါ်ပေမယ့် ကျင်းရှို့ဥယျာဉ်မှာတော့ အိန္ဒြေရှိတဲ့ စစ်ချာ (လက်ဖက်ရည်ဖျော်သူ)သာ ရှိသည်။
ဒါပေမယ့် ပူးရှန့်လုံမှာရှိတဲ့ စစ်ချာကို အားနည်းတယ်လို့ ဘယ်သူမှ မထင်ကြပေ။ အဲ့ဒီအစား သူတို့မှာ သူမတူထူးခြားတဲ့ အရောင်အဝါတစ်ခုရှိပြီး တခြားသူတွေထက်ပိုပြီး ကျက်သရေရှိတယ်ဟု ခံစားရစေသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now