အပိုင်း ၁၉၄/ အပိုင္း ၁၉၄

789 85 0
                                    

Unicode

အပိုင်း ၁၉၄

“ယွမ်ယောင် ဘုရင်ခံကျန်းနဲ့ ဘုရင်ခံကတော်ကျန်းကို နှုတ်ဆက်ပါတယ်။ ချောင်တာ့ရန်နဲ့ သခင်မကျင်းကို နှုတ်ဆက်ပါတယ်”

လက်ရှိမှာ သူမ ဆွေမျိုးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရပြီးပြီဆိုပေမယ့် အသုံးအနှုန်းပြောင်းဖို့ ခက်ခဲနေသေးတာကြောင့် ချောင်တာ့ရန်နဲ့ သခင်မကျင်းဟုသာ ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။

“ယောင်အာ အမြန်ထပါ”

ချောင်ယွင်နျန်က သူမကို ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။

အမျိုးသမီးကျင်းကလည်း မတ်တပ်ထကာ စုချင်ကို ခေါ်လျက် ဘုရင်ခံကျန်းနှင့် ဘုရင်ခံကတော်ကျန်းကို နှုတ်ဆက်စေသည်။

ဘုရင်ခံကတော်က စုချင်ကို ကိုယ်တိုင် ကူထူပေးသည်။ သူမသဘောထားက အလွန် နူးညံ့ညင်သာ၏။

“သခင်မစု အလွန်ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျေးဇူးပြုပြီး အမြန်ထိုင်ခုံမှာ ထိုင်ပါ။ ဒီနေ့က အရေးကြီးဆုံးနေ့တစ်နေ့မလို့ တို့တွေ နောက်ရက်ကျမှ တူတူ စကားပြောကြတာပေါ့"

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဘုရင်ခံကတော်”

ဆွေသိမျိုးသိ အသိအမှတ်ပြုတဲ့ ထုံးတမ်းက တကယ်တော့ အဲ့လောက်ရှုပ်ထွေးတဲ့ကိစ္စ မဟုတ်ပေ။ ယင်းဟုန်က ကန်တော့ဖို့ဖျာကို နေရာချထားလိုက်ပြီးနောက် မုယွမ်ယောင်က ချောင်ယွင်နျန်နဲ့ သခင်မကျင်းကို လက်ဖက်ရည်နဲ့ အရိုအသေပြု ကန်တော့သည်။

သူတို့နှစ်ယောက်က သဘောထားကြီးကြီးဖြင့် လက်ဖက်ရည်ပန်းကန်ကို လက်ခံပြီး ပါးစပ်အပြည့်တစ်ငုံသောက်လိုက်ပြီးနောက် လင်ဗန်းယူလာရန် တစ်ယောက်ယောက်ကို စေခိုင်းလိုက်သည်။ ချောင်ယွင်နျန်က ပိတ်စနီကို ဖယ်လိုက်ရာ ရွှေရောင်ပန်းကန်လုံး၊ ရွှေတူတစ်စုံ၊ ရွှေဇွန်းနဲ့ အသက်ရှည်စေကြောင်း သော့အိမ်တစ်ခု ပါရှိလေသည်။

ချောင်ယွင်နျန်က ပစ္စည်းတွေကို မုယွမ်ယောင်အား ကမ်းပေးပြီး ပြောလိုက်သည်

“ဒီနေ့ကစပြီး မင်းက ငါ့ဇနီးနဲ့ငါ့ရဲ့မွေးစားသမီးပဲ။ မင်း အေးချမ်းစွာနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ ငါတို့ မျှော်လင့်တယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now