အပိုင်း ၂၀၂/ အပိုင္း၂၀၂

603 67 0
                                    

Unicode

အပိုင်း၂၀၂

စုအိမ်တော်တစ်ခုလုံး အသက်ဝင်နေ၏။ ချမ်းအေးတဲ့ နှင်းနဲ့ရေခဲတို့ကြားမှာ နွေးထွေးသောလှိုင်းများ ပျံ့လွင့်နေသည်။

အထိန်းတော်ချင်းက ဘေးပတ်လည်တွင် မြူးတူးနေကြသော အစေခံလေးတွေကိုကြည့်ရင်း ရယ်မောလိုက်ကာ ယွဲ့ဝမ်ဘေးကိုပင် အပြေးလေးသွားပြီး အားပေးအားမြောက် လုပ်‌လိုက်လေသည်။

"ဝမ်ရယ် ဝမ်ရယ်ကလည်း အငယ်တစ်ယောက်ပဲလေ။ စာအိတ်နီရအောင်လို့ သခင်မစုကို စားသောက်ပွဲ ကူပြင်ပေးချည်ပါ့လား"

ယွဲ့ဝမ်ရဲ့ စိတ်အိုက်နေတဲ့ အမူအရာက ပိုကြီးလာပြီး သူ့မျက်လုံးတွေမှာ မရေရာတဲ့ အရိပ်အယောင် ဖြစ်လာသည်။

အထိန်းတော်ချင်းတစ်ယောက် သူ့စကားတွေကို ထိုနေရာမှာ ရပ်လိုက်သင့်ပြီဆိုတာ သိသည်။ ထို့ကြောင့် ပြောပြီးတာနဲ့ မီးဖိုချောင်မှာကူဖို့ တန်းသွားလိုက်သည်။

စိတ်အားထက်သန်စွာဖြင့် နေလည်စာ စားပြီးကြသည့်နောက် ကျင်းလန်နဲ့ တခြားသူတွေအားလုံး ဆုတွေရထားတာကို မြင်တာကြောင့် မုယွမ်ယောင်က ညစ်တစ်တစ်အကြံဖြင့် ပိုကာကစားရန် ပြောလာသည်။

ကျင်းလန်တို့အဖွဲ့က တုန့်ဆိုင်းနေကြ၏။

"သခင်မလေး ဒါက ကျွန်မတို့ ခုမှရလာတဲ့ ဆုတွေလေ၊ သခင်မလေး ထပ်နိုင်ဖို့ စဉ်းစားနေလို့ မရဘူးလေ ဟုတ်တယ်မလား?"

မုယွမ်ယောင်က ရိုးသားသည့်ပုံဖြင့် မျက်တောင်နှစ်ချက်ခတ်လိုက်သည်။

"ပိုကာကစားတာက ရေခဲကစားတာနဲ့ မတူဘူး။ ကံ‌ပေါ်မှာ မူတည်တယ်။ ကောင်းကင်ဘုံက ငါ့ကိုပဲ ဦးစားပေးတာ ဖြစ်နိုင်ပါဦးမလား"

ကျင်းလန်နဲ့ တခြားသူတွေက သဘောတူလိုက်ကြသည်။ ရေခဲကစားနည်းက ခွန်အားသုံးပြီး ကစားရတာဖြစ်ပေမယ့် ပိုကာကစားနည်းကတော့ မဟုတ်ပေ။ သခင်မလေးကို ပြန်ပြီးအနိုင်ယူဖို့ အခွင့်အရေးဖြစ်သည်။

"ဟုတ်ပြီ၊ ပြီးမှ သခင်မလေးရှုံးသွားရင် သခင်မကြီးဆီသွားပြီး မဂျီရဘူးနော်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now