အပိုင်း ၂၆၁/ အပိုင္း ၂၆၁

293 33 0
                                    

Unicode

အပိုင်း ၂၆၁ - ခက်ထန်တဲ့အမျိုးသမီးတွေက တွယ်ကပ်တတ်တဲ့အမျိုးသားတွေကိုကြောက်တယ်

ယွဲ့ဝမ်က ခံစားချက်တွေကို ခဏကြာအောင်ထိန်းချုပ်လိုက်ရပြီး သူ့ပတ်လည်ကအေးစက်မှုတွေ လျော့နည်းသွားသည်။
"ဘာမှမဟုတ်ပါဘူး။ ဦးလေးချင်း အရင်က ကျွန်တော်ရွေးထားတဲ့ရတနာတွေ သန့်ရှင်းပြီးပြီလား"

"အကုန်လုံးသန့်ရှင်းပြီးပါပြီ"

"ဒါဆို ယွမ်ယောင်ဆီ လူလွှတ်ပြီးပို့ခိုင်းလိုက်ပါ"

"ဒါ…"
အထိန်းတော်ချင်းက သံသယအကြည့်နဲ့
"ဝမ်ရယ်ကိုယ်တိုင် သွားမပို့ဘူးလား"

ယွဲ့ဝမ် တိတ်ဆိတ်သွား၏။  သူ့ရင်ထဲမှာလောင်ကျွမ်းနေတဲ့မီးက ရေအေးနဲ့လောင်းချခံလိုက်ရသလို ခန္ဓာကိုယ်တစ်ခုလုံးကပါ အေးစက်လာသည်

"ဦးလေး ကျွန်တော် အမှားတစ်ခုခုလုပ်ခဲ့မိပြီထင်တယ်"

ယွဲ့ဝမ်ပုံကိုကြည့်ရင်း အထိန်းတော်ချင်း သဘောပေါက်သွားသည်။ မိန်းကလေးမုနဲ့ ဝမ်ရယ်တို့ စကားများလာကြတာပဲ။ လူငယ်တိုင်း အချစ်ကြောင့် ပြဿနာတက်ဖူးကြတာချည်းပါပဲလေ။

"ဝမ်ရယ် ဒီအစေခံ နားမလည်နိုင်တွေအများကြီးရှိပေမယ့် 'မာကျောတဲ့အမျိုးသမီးတွေက တွယ်ကပ်တတ်တဲ့အမျိုးသားတွေကိုကြောက်တယ်'ဆိုတဲ့ဆိုရိုးကိုတော့ ကြားဖူးပါတယ်။ မိန်းကလေးမုနဲ့ သခင်မစုက တစ်ယောက်ကိုတစ်ယောက်မှီခိုနေကြရတာ၊ မိန်းကလေးမုအတွက် ကျင်းလင်မှာ မိသားစုစီးပွားရေးလုပ်ဖို့ လွယ်ကူခဲ့မှာမဟုတ်ဘူး။ နောက်ပြီး သူနဲ့သခင်နဲ့ကြားမှာ အဆင့်အတန်းကလည်း အများကြီးကွာဟနေသေးတယ်။ အဲ့ကြောင့် သူက သခင်ကို အမြဲတမ်း အကွာအဝေးတစ်ခုထားပြီး ဆက်ဆံနေခဲ့တာ။ သခင်သာ မိန်းကလေးမုကို တကယ်ဂရုစိုက်တယ်ဆိုရင် ပိုစိတ်ရှည်ပေးရမှာပေါ့"

('ခက်ထန်တဲ့အမျိုးသမီးတွေက တွယ်ကပ်တတ်တဲ့အမျိုးသားတွေကိုကြောက်တယ်'→ စိတ်ရှည်သည်းခံတတ်သူက ခက်ထန်တဲ့အမျိုးသမီးရဲ့နှလုံးသားကိုပျော့ပျောင်းစေနိုင်သည်)

'ခက်ထန်တဲ့အမျိုးသမီးတွေက တွယ်ကပ်တတ်တဲ့အမျိုးသားတွေကိုကြောက်တယ်'

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Donde viven las historias. Descúbrelo ahora