အပိုင်း ၁၈၆ /အပိုင္း ၁၈၆

660 80 0
                                    

Unicode

အပိုင်း ၁၈၆

အနောက်ကွမ်းတုံသို့ ဝင်ရောက်ခဲ့ပြီးနောက် ဓားပြအုပ်စုက သူတို့၏ မျက်နှာဖုံးများနှင့် ပဝါများကို ဖယ်လိုက်ကြသည်။ ၎င်းတို့ကို ဦးဆောင်သူမှာ ယွဲ့ဝမ်၏ဘေးတွင် အမြဲရှိနေတတ်သည့် ယွီဟိန်ပင် ဖြစ်၏။

ဓားပြလို ၀တ်ဆင်ထားသည့် အခြားအစောင့်များက လှည်းပေါ်ရှိ အထည်ဖြင့်ဖုံးထားသော အိတ်ကို စူးစမ်းစွာ စိုက်ကြည့်လာကြသည်။ တစ်ချို့က ထိုးဆိတ်ကြည့်ကာ တချို့က အနံ့ခံကြည့်ကြသည်။ သို့သော် ကံမကောင်းစွာ အနံ့လုံးဝမရှိသဖြင့် ဘာမှန်းပင် ခွဲခြား၍မရပေ။ အထဲမှာ ဘာများပါလိမ့်?

ယွီဟိန်က နောက်ပြန်လှည့်ကြည့်ကာ သူတို့ရဲ့ တို့ထိနေသည်ကို မြင်တော့
"မထိနဲ့၊ ဒါက မိန်းကလေးမု ပေးလိုက်တဲ့ ဂျင်းလက်ဖက်ခြောက်တွေ။ ချန်ကုန်းကုန်းက ငါ့ကို မထိခိုက်စေဖို့ အကြိမ်ကြိမ် မှာထားတာ.."

အခြားလူများက စူးစမ်းချင်စိတ်အပြည့်ဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ယွီဟိန်က သူမကို မိန်းကလေးမုလို့ တလေးတစား ထုတ်ပြောလာဖို့အတွက်ဆို သူမမှာ ထူးခြားတဲ့ နောက်ခံ ရှိရမယ်။ ဒါပေမယ့် ဝမ်ရယ်နဲ့ ရင်းနှီးတဲ့ မိန်းကလေးရယ်လို့ သူတို့ တစ်ခါမှ မတွေ့ဖူးဘူး။

ယွဲ့ဝမ်၏ဘေးရှိ ယုံကြည်စိတ်ချရသော တပ်သားများကိုသာ ဒီအလုပ်လုပ်ဖို့ ပို့လိုက်တာဖြစ်သည်။ ဒါကြောင့် သူတို့စကားပြောသည့်အခါ ကန့်သတ်ချက်တွေ မထားကြပေ။

"အဲ့ဒီမိန်းကလေးမုက ဘယ်မိသားစုကလဲ"

ယွီဟိန်က သူ့ကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးက ပိုလို့တောင် ပဟေဠိဆန်သွားသည်။

အဖြေပြန်မရတော့ လူတိုင်း စိတ်ထဲတွင် ယားကျိကျိဖြစ်သွားကြသည်။ သူတို့ လက်ဖက်ခြောက် အမျိုးအစားကို မသိကြပေမယ့် ဘယ်လောက် အဖိုးတန်သည်ကိုတော့ သိသေး၏။ သာမာန် လက်ဖက်ခြောက်တွေဆိုရင်တောင် အားလုံးကိုဝယ်ဖို့ ငွေသောင်းချီကုန်မည်။ ဘယ်သခင်မလေးကများ ဒီလို သဘောထားကြီးတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တာလဲ?

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Onde histórias criam vida. Descubra agora