အပိုင်း ၂၅၉/ အပိုင္း ၂၅၉

397 40 0
                                    

Unicode

အပိုင်း ၂၅၉

ဝူမင်ကျစ်က လီယွမ်ယီသူ့ကို တွေ့ချင်တယ်လို့ ကြားတဲ့အခါ ရုတ်တရက် အနည်းငယ် စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ ကြည့်ရတာ ပထမမင်းသားနဲ့ လီယွမ်ယီတို့ သူတို့ကို ပြဿနာထဲကနေ ဆွဲထုတ်ပေးဖို့ စီစဉ်နေတာ ဖြစ်နိုင်သည်!

"လီတာ့ရန်ကို အရိုအသေပေးပါတယ်"

လီယွမ်ယီက ဝူမင်ကျစ်ကို အပြုံးမျက်လုံးတို့ဖြင့် ကြည့်လာသည်။

"ခေါင်းဆောင်ဝူ အရမ်းကြီး ယဥ်ကျေးနေစရာ မလိုပါဘူး၊ ဒီရက်တွေမှာ ကျင်းနန်က ဆားခွန်တွေက ကသောင်းကနင်းဖြစ်နေပြီး စုံစမ်းဖို့ အချိန်ကိုလည်း အပြည့်အဝ အသုံးချနေရတယ်၊ ဒါကြောင့်လည်း ခေါင်းဆောင်ဝူနဲ့ အရင်တစ်ခေါက်က မတွေ့မိတာ၊ သိပ်ပြီးစိတ်ထဲမထားပါနဲ့ဗျာ"

ဝူမင်ကျစ်က ချက်ချင်းပဲ ထရပ်လိုက်သည်။

"လီတာ့ရန် အဲ့လိုပြောဖို့ မလိုပါဘူး၊ လီတာ့ရန်က ဒီမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိနေတာ၊ ကျွန်တော့်ကို အခုလို အချိန်ရှာပြီးပေးတာကိုက ကောင်းချီးဖြစ်နေပါပြီ၊ ကျွန်တော်တို့ ဆားကုန်သည်တွေက ယန်ကျိုးမြို့မှာ ဖြစ်တာတွေ အကုန်လုံးကို ကြားရပါတယ်၊ လီတာ့ရန်လည်း ဒီစစ်ဆေးမှုကို အတော်လေး ကြိုးစားလုပ်နေတာ ကျွန်တော်တို့ သိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့က လီတာ့ရန်ဆီကို လက်ဆောင်လေးတချို့လောက် ပို့ပေးလိုက်တာပါ၊ လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်"

သူပြောနေရင်းပဲ သူ့လက်ထဲက သေတ္တာကို ကမ်းပေးလိုက်သည်။
လီယွမ်ယီက သေတ္တာကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ အပြုံးတွေက နက်နဲသွားသည်။

"ကံကောင်းလို့ ကျန်းနန်မှာ တာဝန်ယူဖို့ ခေါင်းဆောင်ဝူရှိနေလို့ပေါ့၊ ဒါ့ကြောင့်ပဲ ဆားကူးသန်းရောင်းဝယ်ရေးက တစ်ချိန်လုံး တည်ငြိမ်ချောမွေ့နေတာ"

"တာ့ရန်ဆီကနေ ချီးကျူးစကား မခံယူဝံ့ပါဘူး၊ ဒီတစ်ခေါက်ကိစ္စကို ရှာဖွေပေးတဲ့အတွက်လည်း တာ့ရန်ကို ကျွန်တော် ကျေးဇူးတင်ဖို့လိုသေးတယ်၊ မဟုတ်ရင် ဧကရာဇ်က အမျက်တော်ထွက်ပြီး ကျွန်တော်တို့ဆားကုန်သည်တွေ အမှုပတ်ကုန်မှာ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now