အပိုင်း ၂၅၂/ အပိုင္း ၂၅၂

348 36 0
                                    

Unicode

အပိုင်း ၂၅၂ - ဆားကုန်သည်တွေနှင့်တွေ့ဆုံခြင်း

ဝူမင်ကျစ်က တံခါးအနားက ဆားကုန်သည်ကို အချက်ပြလိုက်သည်။ ထိုဆားကုန်သည်က ချက်ချင်း ချီမင်ဆီ လျှောက်သွား၏။

"ချီတာ့ရန် ‌ကျေးဇူးပြုပြီးနေပါဦး။ ချီတာ့ရန်မှာပြောစရာတစ်ခုခုရှိရင် ပြောလို့ရပါတယ်၊ ကျုပ်တို့ဆားကုန်သည်တွေက အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲ နေလာကြတာဆိုတော့။ အခုက ဆားခွန်စစ်ဆေးမယ့်အချိန်လည်း ဖြစ်နေတော့ အချင်းချင်း သဘောထားကွဲလွဲတာမျိုး မဖြစ်တာ ပိုမကောင်းဘူးလား"

ချီမင်က ခန်းမထဲက ဆားကုန်သည်တွေဘက်ကို လှည့်လိုက်သည်။

"ကျုပ်က ကောင်းတာတစ်ခုဝယ်ပြီး ခင်ဗျားတို့ဘဝတွေကို ကယ်ဖို့လုပ်ပေမယ့် တကယ်အရေးကြုံလာတော့ ခင်ဗျားတို့က ကျုပ်အပေါ်လှည့်စားသွားကြမယ်လို့ ထင်မထားမိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမှာ ထိပ်ထိပ်ပျာပျာ ဖြစ်ရမှာကတော့ ကျုပ်မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ"

"အလျင်မလိုပါနဲ့ ချီတာ့ရန် ပြောစရာရှိရင် ဒီမှာလာထိုင်ပြီးပြောပါ"

ဆားကုန်သည်အချို့က မတ်တပ်ထရပ်လာကြပြီး ချီမင်ကို ခန်းမထဲ ပြန်ဖိတ်နေကြသည်။

ချီမင်က လက်ဖက်ရည်ခွက်ကောက်ယူပြီး တစ်ငုံသောက်ကာ စားပွဲပေါ် ပြင်းပြင်းထန်ထန် ချလိုက်သည်။

"အခု ကျုပ်ဘာပြောနေတာလဲသိလား ခေါင်းဆောင်ဝူ"

ဝူမင်ကျစ်က ချီမင်ကိုကြည့်ပြီး အံကြိတ်ကာ ခေါင်းညိတ်လေ၏။

"ချီတာ့ရန်က ကျုပ်တို့ ဆားဈေးကို တိတ်တဆိတ် မြှင့်လိုက်တဲ့အကြောင်း ပြောနေတာထင်ပါရဲ့"

"ဝူမင်ကျစ် ကျုပ်က ဆားဈေးမြှင့်လိုက်တဲ့အကြောင်း ပြောနေတာမဟုတ်ဘူး။ ခင်ဗျား အတင့်ရဲပြီး ဆားအခွန်ထဲကပြနေတဲ့ လိုငွေကိုဖြည့်ဖို့ ဆားနဲ့သဲနဲ့လဲပြီး အစိုးရကို လှည့်စားတဲ့အကြောင်းကို ပြောနေတာ!"

ဝူမင်ကျစ်တစ်ယောက် နှလုံးခုန်နှုန်းတောင် မှားသွား၏။

"ချီတာ့ရန် မဟုတ်တာမပြောပါနဲ့။ အဲ့တာက ပြစ်မှုကြီးနော်!"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ