Part_49

6.2K 807 28
                                    

Uni

အိမ်ပြန်သည်လို့သာဆိုပေမဲ့ ဘုန်း၏ကားလေးသည် သင်၏အိမ်ရှိရာအစား ဘုန်းသရေ၏အိမ်သို့သာဦးတည်သွားလေသည်။

“မောင် ကျွန်တော်အိမ်မပြန်ရဘူးလား။”

“အင်းလေ။ ကိုယ့်ဇနီးလေးက ခုမှလက်ထပ်ပြီးစဟာကို ကိုယ်နဲ့ခွဲချင်လို့လား။ ကိုယ့်အိမ်မှာတစ်ပတ်ဆယ်ရက်နေပေါ့။ ပြီးတော့မှ အိမ်ကိုပြန်။ ဟုတ်ပြီလား။”

“ဟုတ်ကဲ့။”

သင်ကတိတ်တိတ်လေးနေကာ ရက်ချ်ဘက်ကိုစကားလှည့်သည်။

“ဝေး ရက်ချ် ဟိုနှစ်ယောက်ရော ဘာတွေဖြစ်သွားပြီတုန်း။”

“ဟွန်း ခုမှမေးရှာတယ်နော်။”

“အမယ်....မင်းကလည်း ခုမှပေါ်လာတာလေ။”

“ဟမ် ကျွန်တော်က ခုမှပေါ်မလာလို့ သူများမင်္ဂလာဦးညကြီးကို အခန်းထဲဝင်ပြီး တဖျတ်ဖျတ်ပျံနေရမလား။”

“ထားပါတော့ အဖြေကိုမရောက်ဘူး။ ပြောပါဦးဟ။ ဘာတွေဖြစ်ကုန်တာတုန်း။”

“စိတ်ပျက်စရာကြီးပါဗျာ။ သူတို့နှစ်ယောက်ကကြိုက်သွားတယ်။ ဒါပေမဲ့ ထွန်းကြွယ်က သင်းပျံ့မွှေးကို လူပျိုပါဆိုပြီးညာတယ်လေ။”

“သင်းပျံ့မွှေးက သိတယ်မို့လား။ အိမ်ထောင်နဲ့ဆိုတာကို။”

“သိတော့သိထားတယ်။ ဒါပေမဲ့သူက တမင်ကိုအညာခံနေတဲ့ပုံပဲ။ သိတဲ့အတိုင်းပေါ့ဗျာ။ ခင်ဗျားကြီးတော်ကြီးကို လူကြီးအရာထားလို့ လက်ထပ်ဖို့တောင်လုပ်နေကြတာ။ ခင်ဗျားကြီးတော်ကြီး ခင်ဗျားဆီစာရေးထားတယ်။ သို့ပေမဲ့ သူစာရေးလည်း ခင်ဗျားကအိမ်မှာမှမရှိတာ။ အဲဒီစာက ဘယ်သူမှမဖတ်ဘူးဆိုရင်တော့ကိစ္စမရှိဘူး။ခင်ဗျားအမေကြီးဖတ်မိရင်တော့ မိုးမီးလောင်မဗျို့။ ဒီလိုသာဆို ခင်ဗျား အသဲအသန်လိုက်ပိတ်နေတဲ့ ကိစ္စလဲပေါ်ပြီးအားလုံးသွားကုန်မှာ တစ်ခုခုတော့လုပ်သင့်တယ်။”

“ဟုတ်သားရက်ချ်။ ငါမင်းကိုအားကိုးပါရစေနော်။ လုပ်ပါဦး။”

“ကျွန်တော်က ဒီမှာဝိဉာဉ်လိုပါပဲဆို ဘာလုပ်လို့ရ‌တော့မှာတုန်း။”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now