Part_40

7.2K 927 83
                                    

Uni

“မောင်သင်ရယ်။ ငါတော့ဘယ်လိုလုပ်ရမှန်းကိုမသိတော့ပါဘူးဟယ်”

သူမက နွဲ့နောင်းသောအသံချိုချိုလေးဖြင့် တရှုံ့ရှုံ့ငိုနေပြန်သည်။ သူလဲ ထိုတတွတ်တွတ် ဆီမန်းမန်းသံများကို မကြားနိုင်ဖြစ်ရကား ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချကာထရပ်လိုက်သည်။

“ဒီကိစ္စက ကျွန်တော် ဆုံးဖြတ်လို့မတော်ဘူးဗျ။ သင်းသင်းကိုယ်တိုင်ဆုံးဖြတ်ရမဲ့ကိစ္စ။ ဒီတော့ကျွန်တော်.....ဒီစာလေးကိုပေးခဲ့မယ်။ တကယ်လို့သင်းသင်း ထွက်ပြေးမယ်တွေးခဲ့ရင် ဒီစာထဲကလိပ်စာအတိုင်း မော်လမြိုင်ကိုသွား၊ ဒီစာပေးလိုက်။ သင်းသင်း စားရေးသောက်ရေး မပူစေရဘူးလို့အာမခံတယ်”

သူက တိုက်ပုံ အိတ်ကပ်ထဲမှ စာရွက်ခေါက်တစ်ခုကိုကမ်းပေးပြီး ခပ်ပြတ်ပြတ်ပြောလိုက်သည်။ သူမ ဘယ်လိုဆုံးဖြတ်သည်ဖြစ်စေ သူနာခံရန်တွေးထားသည်။ အကယ်၍ သူမ ထွက်ပြေးခဲ့လျှင် ထွန်းကြွယ်နှင့် သူမကို လက်ဆက်ရအောင် ကြံပေးမည်။ ဒီလိုမှမဟုတ် ရာဇဝတ်အုပ်မင်းနှင့်ပင် လက်ဆက်မည်ဆိုလျှင်တော့ သူလဲ တာဝန်ကိုအရှုံးခံကာ ဖူးစာရေးနတ်မင်းဆီပြန်လိုက်တော့မည်။

သူမက မျက်ရည်ဝိုင်းသော မျက်လုံးအစုံနှင့်သူ့ကိုမော့ကြည့်ကာ စာရွက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။

“ဒီလိုဆိုကျွန်တော်အပြင်ထွက်တော့မယ်သင်းသင်း။ အချိန်လင့်နေပြီ။ တော်ကြာ ဒေါ်ဒေါ်လိုက်လာလိမ့်မယ်။ သင်းသင်းအရွေးမှန်ပါစေလို့ ဆုတောင်းပေးပါ့မယ်”

သင်းသင်းကဘာမှပြန်မပြောဘဲ တစ်ချက်ရှိုက်၍ ခေါင်းညိမ့်သည်။ သူလဲ တိုက်ပုံကို တင်ပါးဖုံးအောင်မနဲဆွဲချ၍ အပြင်ထွက်လာလိုက်သည်။ စိတ်ကသိပ်မလုံချင်။ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင် ရိုက်ချင်စိတ်နဲ့အူယားနေမှတော့ သူ့တင်ပါးလုံးလုံးလေးသည် မည်မျှပင် ရိုက်ချင်စရာကောင်းသည်ကို ဖော်ပြစရာပင်မလို။

သူတံခါးဝရောက်တော့ အလှဆင်ထားသည့်မော်တော်ကားနှင့်အတူ သတို့သားဆွေမျိုးများလိုက်လာကြသည်ကိုတွေ့လိုက်ရသည်။ သတို့သားဆိုသူသည် ကျက်သရေခေါင်းပေါင်းကိုပေါင်းလျက် တိုက်ပုံအသစ်ကိုဝတ်ကာ ပိုးဖဲပုဆိုးကို ဝတ်ဆင်ထားသည်။ မျက်နှာထားသည် ရာဇဝတ်အုပ်မင်းရာထူးနဲ့လိုက်အောင်ပင် ခပ်တည်တည်ခပ်တင်းတင်း။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now