ကောန်က ခွန်မရှိဘူးဆို၍ အိမ်ထဲဝင်ဖို့ အနည်းငယ်တွန့်ဆုတ်သွားသည်။ သူ ခွန်မရှိပဲတော့ ဒီအိမ်ကြီးထဲမှာ မနေရဲပါ။ ခြံစောင့်တဲလေးထဲမှာ ခဏနေရင်း ခွန်ပြန်အလာကိုစောင့်နေလိုက်မည်ဟု စိတ်ကူးမိလိုက်သည်။ ခြံစောင့်တဲလေးထဲမှာ ပစ္စည်းများများစားစားမရှိပေမဲ့ ဖျာအသန့်လေးတစ်ချပ်ကတော့ ရှိသေးသည်။ သူက ပင်ပန်းနေတာမို့ ခွန့်ကိုစောင့်ရင်း ဖျာပေါ်မှာလှဲနေလိုက်သည်။ ညနေခင်း၏လေတဖြူးဖြူးနှင့်အတူ သူမှေးခနဲအိပ်ပျော်သွားခဲ့သည်။

ပြန်နိုးလာချိန်တွင် ခေါင်းထဲ၌ ရီဝေဝေခံစားနေရသည်။ မျက်လုံးတောင်မဖွင့်နိုင်လောက်အောင် သူရစ်မူးနေသည်။ သူမှတ်မိသလောက် အရက်တွေဘာတွေလဲ သောက်ခဲ့တာမဟုတ်ပါ။ ဒါကို ဘာလို့ဒီလောက်တောင်မူးနေရပါလိမ့်။ အေးစက်နေသောလေထု၏ထိတွေ့မှုအရ သူ့ကိုယ်ပေါ်မှာ အဝတ်အစားတွေမရှိတော့ဘူးဆိုတာ သူသိနေသည်။ ဒါ့အပြင်တစ်ကိုယ်လုံးချေွးတွေရွှဲနေတာကြောင့် လေတစ်ချက်တိုက်လိုက်တိုင်း အေးခနဲခံစားနေရသည်။

လေးလံနေသောမျက်ခွံကို ဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် ခွန့်အခန်းထဲကိုရောက်နေတာဖြစ်ကာ မီးတွေပိတ်ထားသောကြောင့် မှန်ပြတင်းမှ ဝင်လာသော လရောင်ပျပျကိုသာ မြင်နေရသည်။ ခွန်က သူ့ကိုကျောခိုင်း၍ ဝိုင်အပြင်းစားတစ်ခုခုသောက်နေပုံပေါ်သည်။ ခွန့်ကြည့်ရတာ တစ်ခုခုကို စိတ်ညစ်နေသလိုပင်။ သူက အားအကုန်သုံးလိုက်ကာ ခွန့်ကို ထိဖို့ကြိုးစားလိုက်သည်။ ခွန် အခု ဘာဖြစ်နေလဲဆိုတာကို သူသိရမှဖြစ်လိမ့်မည်။

ခွန်က သူ့လှုပ်ရှားမှုကို သတိပြုမိတာကြောင့် သူ့ဘက်ကိုလှည့်ကြည့်ကာ နှုတ်ခမ်းထောင့်ကို ကွေးရင်းပြုံးလိုက်သည်။

“နိုးလာပြီလား”

စိတ်ထင်၍လားမသိ။ ခွန့်လေသံသည် ပုံမှန်ကြားနေကြအသံနှင့်မတူပဲ ခပ်ရှရှဖြစ်နေသည်။ ခွန်က သူ့ကိုအကြာကြီးစိုက်ကြည့်နေသည်။

“သောက်ချင်လား ကလေး”

ခွန်က ဖြေးဖြေးချင်းထလာကာ သူ့နှုတ်ခမ်းတွေနားကပ်၍ပြောလိုက်သည်။ ဝိုင်နံ့တွေက လေငွေ့နွေး‌နွေးနှင့်အတူ သူ့နှာခေါင်းထဲတိုးဝင်လာသည်။ သူက ခပ်ဟဟရယ်မောကာ ဝိုင်တစ်ငုံကို ကောန်ပါးစပ်ထဲသို့ lip to lip တိုက်လိုက်သည်။ ကောန် ဘယ်လိုပင် ခေါင်းခါပါသော်လည်း သူက နောက်တစ်ငုံကို ထပ်တိုက်ပြန်သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Donde viven las historias. Descúbrelo ahora