Only part 34 zawgyi

Comenzar desde el principio
                                    

“ဒါပေမဲ့အဖေ”

“တော်တော့ ထဝီ။ အဖေကအဖေ့သားကို မိန်းကလေးတစ်ယောက်ကိုတောင် ယှဉ်မလုနိုင်တာမျိုးမဖြစ်စေချင်ဘူးနော်။ မင်းက ပိုပြီးတရားဝင်ပါရဲ့နဲ့ ကျန်ရစ်မဖြစ်စေနဲ့။ ဒီခေတ်မှာ မိန်းမကောင်းတွေက ရှားသွားပြီ။”

အဖေက ပြောပြီးပြီးချင်း ချောင်းဟန့်ကာ ထသွားပြီဖြစ်သည်။ ထဝီက ထိုင်ခုံမှာ မလှုပ်မယှက်ထိုင်ကျန်နေခဲ့သည်။ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သော သူ့အဖေရဲ့အကျင့်အရ ဒါဆိုဒါမှဖြစ်တာမို့  ဒီကိစ္စကိုလွယ်လွယ်နဲ့ဖျက်လို့မရမှန်း သူသိပါသည်။ ဒီလိုဆို..... ခွန်လီလီကရော။
မျက်လုံးထဲမှာ ခွန်လီလီရဲ့ သနားစရာမျက်နှာလေးကပေါ်လာသည်။ သူကကျွတ်ခနဲ စုတ်သပ်လိုက်ကာ ခေါင်းခါလိုက်သည်။ သူတော့ ဗီလိန်ဖြစ်တော့မည် ထင်ပါသည်။

ထိုနေ့မနက်တွင်ပင် ခွန်ထဝီအဖေက ပီယာ့အဖေဆီကို သွားလိုက်သည်။ ဒီအဖိုးကြီးနှစ်ယောက်က အလွန်ပျော်ရွှင်နေသည့်ဟန်ဖြင့် စကားချင်းဖလှယ်နေကြသည်။

“ဒီမှာ ငါ့ကောင် ငါပြောစရာရှိလို့လာခဲ့တာ”

“ဘာပြောစရာလဲ။”

ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သောအဖိုးကြီးကတွေးလိုက်သည်။ တကယ်လို့ ပီယာ့မှာသာချစ်သူရှိကြောင်းကို သူ့သူငယ်ချင်းကို ပြန်ပြောလိုက်ရင် သူ့သားနဲ့သဘောတူချင်မှတူလိမ့်မည်။ တော်ကြာ သမီးကြိုက်တဲ့လူနဲ့ ယူပါစေတော့ဆိုလျှင်ခက်ချေတော့မည်။ သူ့မှာ ချွေးမကောင်းလေးကို ရတော့မှာမို့ လွယ်လွယ်နဲ့ လက်မလွှတ်နိုင်ဖြစ်နေသည်။ ဒါကြောင့် ဒီအကြောင်းကို သိမ်းထားကာ စေ့စပ်ပွဲကိစ္စကိုပဲ ကျော်ပြောလိုက်သည်။

“ငါ့သားနဲ့မင်းသမီးကို ထပ်ပြီးစေ့စပ်စေချင်တယ်။ လူသိရှင်ကြားပေါ့ကွာ။ ပီယာကရုပ်ရှင်မင်းသမီးဖြစ်နေတော့ ဒီလိုလူသိရှင်ကြားလုပ်ပြီး ပရိသတ်ကို အသိပေးမှ လူတွေကအကောင်းမြင်ကြမှာ‌ပေါ့။”

“အင်း။ မင်းပြောတာမှန်သားပဲ။ ငါ သမီးကိုပြောပြီး စီစဉ်ခိုင်းလိုက်မယ်။ တရားဝင်ကြေညာမယ်ဆိုတော့ မင်းသားလဲ တစ်ယောက်ယောက်နဲ့ ပြိုင်မလုရတော့ဘူးပေါ့ကွာ ဟားဟားဟား”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Donde viven las historias. Descúbrelo ahora