“ခွန်လီလီဗျ။ ကျွန်တော်တို့ပြန်သင့်ပြီလားလို့။”
မန်နေဂျာ၏ခေါ်သံကြောင့် လီလီက အထဲပြန်ဝင်ဖို့ ပြင်ဆင်လိုက်သည်။

“ဘိုင့်ဘိုင် ပီယာ။ နင်အပျိုကြီးဖြစ်မယ်လို့ငါအာမ ခံတာမို့ စေ့စပ်ပွဲကိစ္စကို စိတ်အေးအေးသာထား။ ဟားဟားဟား”
သူမက ပျော်ရွှင်ကာ အော်ဟစ်ရယ်မောရင်း မန်နေဂျာ‌နောက်သို့လိုက်ပါသွားလေသည်။

နောက်မှာကျန်ခဲ့သည့် ပီယာ၏နှုတ်ခမ်းလှလှပေါ်က အပြုံးတစ်ခုကိုတော့ သူမ မမြင်လိုက်တာသေချာပါသည်။

ခဏကြာတော့ ပီယာ့နားကို အနက်ရောင်ဝတ်ထားသည့်လူတစ်ယောက်က ချဉ်းကပ်လာကာ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။ ပီယာ၏မျက်လုံးတွေက ချက်ချင်းကို အန္တရာယ်ရှိသည့်အခြေအနေသို့ရောက်သွားကာ အနက်ရောင်ဝတ်ရုံနှင့်လူနောက်သို့ ချက်ချင်းလိုက်သွားလေသည်။

တစ်ဖက်မှာလဲ လီလီက မူးမေ့နေပြီး ဟိုတယ်တစ်ခု၏အိပ်ယာပေါ်မှာ အတင်ခံထားရသည်။ ဗိုက်ရွှဲနေကာ စိတ်ပျက်ဖွယ်ကောင်းသော လူတစ်ယောက်သည် လီလီ့ကို စားမတတ်ဝါးမတတ်ကြည့်ကာ ခုန်အုပ်ဖို့ကြံစည်နေသည်။ ထိုလူက လီလီ၏ အင်္ကျီတွေကို ချွတ်ပစ်ဖို့ကြိုးစားလိုက်သည်။ ဒီအချိန်မှာပဲ အခန်းတံခါးက ပွင့်လာကာ ကင်မရာသံနှစ်ချက်ကို ကြားလိုက်ရသည်။

ပီယာသည် အခန်းတံခါးကိုမှီ၍ရပ်နေကာ သူမလက်ထဲတွင်လဲ ကင်မရာတစ်ခုကို ကိုင်ထားသေးသည်။ ဗိုက်ရွှဲနေသည့်လူကြီးက သူမ ကိုရန်ပြုမလို့ပေမဲ့ သူမအနောက်က လူတွေကြောင့် ချက်ချင်းကို ကြောက်ကြောက်ရွံ့ရွံ့ဖြစ်သွားသည်။

“သူ့ကိုဆွဲခေါ်သွားကြ။ ပြီးရင်ပညာလေးဘာလေးပေးခဲ့။ သေသွားလဲကိစ္စမရှိဘူး။”
ပီယာက သူမနောက်ရှိ အနက်ရောင်ဝတ်လူတွေကို အမိန့်ပေးလိုက်သည်။ ထိုလူတွေသည် ဗိုက်ရွှဲကြီးကို ဆွဲထုတ်သွားကာ ဟိုတယ်ကော်ရစ်တာတလျောက် ထိုလူကြီး၏အော်သံနှင့်ပင် ဆူညံသွားသည်။ ပီယာက အခုထိ အိပ်ပျော်နေပါသော လီလီ့ကို ကြည့်ကာ သက်ပြင်းချ၍ အခန်းတံခါးကို ပြန်ပိတ်ကာ လော့ချလိုက်သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now