“ဘာလဲ။ ဟိုသရဲတွေကြောင့်လား။ သူတို့က ကိုယ့်လက်အောက်ကပါ။ ကိုယ်ကအင်အားအကြီးဆုံးပဲဟာ။ မင်းကို ကိုယ်ကာကွယ်ပေးလို့ရတာပဲ။”

“သူတို့ကြောင့်လဲပါပေမဲ့ အဓိကက လုပ်စရာတစ်ခုရှိလို့ပါ။”

“ပြောကြည့်လေ။ မင်းဘာလုပ်စရာရှိလဲဆိုတာ ။ ကိုယ်လုပ်ပေးနိုင်မဲ့ တစ်ခုခုများဖြစ်နေမလားလို့။”

သူက ခွန်သီယာဝစ်ကို မျက်စောင်းထိုးလိုက်သည်။ မသိရင် သူက သိကြားမင်းလို အကုန်လုပ်နိုင်တာကျနေတာပဲ။ ဒီကိစ္စတွေမှာ သူကိုယ်တိုင်လုပ်နိုင်ပေမဲ့ သူက သူ့ချစ်သူကို စနောက်ချင်သေးတာမို့ သူဖြစ်ချင်တာကို ပြောပြလိုက်သည်။

“ကျွန်တော် Mrs. Li Li ရဲ့ မန်နေဂျာဖြစ်ချင်တယ်”

Korn က ခွန်သီယာဝစ်ဘက်ကို လှည့်၍ ခင်ဗျားလုပ်နိုင်ရဲ့လားဆိုသည့် လှောင်ပြုံးလေးနှင့်ကြည့်သည်။ ခွန်သီယာဝစ်ကတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာအကြံချနေဆဲ။ သူက ဒီကောင်‌လေးကို သူ့အပိုင် ဒီအိမ်ကြီးမှာဆက်ပြီးရှိနေစေချင်သည်။ ဘာလို့ဆိုတာကတော့ သူသေချာမသိပေမဲ့ ဒီကောင်လေးကို သူ့အနားမှာပဲထားချင်သည်။ နောက်ပြီး အဲ့လိုထားလို့ရအောင်လဲ ဘာကိုမဆို လုပ်ဖို့ဝန်မလေးချေ။ သူက သုံးစက္ကန့်လောက် စဉ်းစားအပြီးမှာတော့ လက်ဖျစ် တစ်ချက်တီးလိုက်သည်။

“ရတယ် Korn ကိုယ် မင်းကို အဲ့လိုဖြစ်အောင်လုပ်ပေးနိုင်ပါတယ်”

“ဘာရယ်? ခင်ဗျားတကယ်လုပ်နိုင်တယ်ပေါ့”

“ဟုတ်တယ်လေ။ မင်းသိတဲ့အတိုင်း ကိုယ်မှာ အစွမ်းနဲနဲရှိတော့ကိုယ်တတ်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့.......”
ခွန်သီယာဝစ်က ခေါင်းကိုညိမ့်၍ အေးဆေးလေးပြောနေပေမဲ့ Korn က စိတ်သိပ်မရှည်လှချေ။
“မြန်မြန်ပြောပါ။ ဒါပေမဲ့ ဘာလဲ”

“ဒါပေမဲ့.....မင်းဒီမှာပဲဆက်နေရမယ်။ အာ......မဟုတ်သေးဘူး။ မင်းငါ့အခန်းမှာလိုက်နေရမယ်”

Korn က မျက်လုံးပြူးကာ ခဏတော့ငြိမ်သက်သွားသည်။

“အဲ့မှာနေရင် ဟိုသရဲတွေကို ထပ်မတွေ့အောင် ခင်ဗျားလုပ်ပေးနိုင်တယ်ဆိုရင်တော့ ကျွန်တော်နေနိုင်ပါတယ်”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now