Part_24 ( bet. Arc_2 & 3)

12.3K 1.1K 19
                                    

Uni

သူတို့ဘဝရဲ့ အမှတ်ရစရာအကောင်းဆုံးအဖြူရောင်အခမ်းအနားလေးက ဒီအခန်းလေးထဲမှာတည်ရှိနေခဲ့သည်။ သူတို့ မင်္ဂလာဆောင်တုန်းကအတိုင်း တစ်ပုံစံထဲပြင်ဆင်ထားသည့် အခမ်းအနားငယ်လေးတစ်ခု။ သူတို့မင်္ဂလာဆောင်တဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေက အခန်းပတ်ပတ်လည်မှာရှိနေကြသည်။ ဆိုင်နိုက အခန်းလေးကို လှည့်ပတ်ကြည့်လိုက်သည်။ ဒါဟာတကယ်ကို သူတို့မင်္ဂလာဆောင်သည့်အချိန်သို့ ပြန်ရောက်သွားသလိုခံစားရချေသည်။

လောရင့်က ပန်းခြင်းလေးထဲရောက်နေသည့် သတို့သမီးဆောင်းသည့် ခေါင်းဆောင်းလေးကိုယူကာ ဆိုင်နိုရဲ့ခေါင်းပေါ်ကို ဆောင်းပေးလိုက်သည်။ ဒီအပြုအမူကလည်း သူတို့ရဲ့မင်္ဂလာပွဲတုန်းကနဲ့ တစ်ထပ်တည်းကျနေသည်။

"ကိုယ်က ဒီအံ့ဖွယ်အခန်းလေးကို ကိုယ်တို့အဘိုးကြီးတွေဖြစ်လာကာမှ လာကြည့်ကြမယ်လို့တွေးထားတာ။ အခုတော့ နဲနဲစောသွားတယ်ထင်တယ်။"

လောရင့်က အပြုံးနွမ်းနွမ်းလေးနှင့်ပြောသည်။
"အမှန်က ဒီအိမ်က ကိုယ်တို့ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးလေ။ ကိုယ့်ဖေဖေနဲ့ မေမေတို့ရဲ့အမှတ်တရတွေ ဒီမှာအပြည့်ပဲ။ ဟိုဘက်ဘေးခန်းကိုမြင်လား။"

လောရင့်ညွှန်ပြသည့်ဘက်မှာ အခန်းတစ်ခုကို တွေ့လိုက်ရတာမို့ ဆိုင်နိုခေါင်းညိမ့်လိုက်သည်။

"အင်း။ အဲ့ဒါ ကိုယ့်ဖေဖေနဲ့‌ မေမေတို့လက်ထပ်တဲ့မင်္ဂလာအခန်းလေးပေါ့။ ဒီအခန်းလေးလိုလေ။ သွားကြည့်ချင်လား။"

ဆိုင်နိုအားတက်သရော ခေါင်းညိမ့်လိုက်သည်။ တကယ်ကို သူတို့ဂျိန်းသားအဖက အတော်ချစ်တတ်ကြသည့် လူတွေပင်ဖြစ်သည်။ လောရင့်အမေဆိုရင်လည်း အတော်အချစ်ခံရသည့် အမျိုးသမီးလေးဖြစ်ပေလိမ့်မည်။ ဆိုင်နိုက မျက်မှန်ဝိုင်းလေးကို လက်နှင့်ပင့်ကာ ရှေ့မှ မြင်ကွင်းကို ကြည့်ပြီးပြုံးလိုက်သည်။ ဒီမှာကျတော့ အခမ်းအနားလေးက ပန်းရောင်နဲ့ရွှေရောင်ရောထားသည်။ ပိုပြီးထူးခြားနေတာတစ်ခုက လောရင့်အဖေနဲ့အမေရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေအပြင် မင်္ဂလာပွဲရဲ့အလယ်မှာ ရှိနေသည့် သတို့သမီးနှင့်သတို့သားပုံတူရုပ်ထုလေးပင်ဖြစ်သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now