"နောက်ဆုံးတော့ ကျုပ်သမီးလေးကို ပြန်တွေ့ပြီ ဘော်ဒါကြီးရေ။ ကျုပ် သမီးလေးက မသေခဲ့ဘူးဗျ။"

လူးဝစ်အဖေက ပျော်ရွှင်နေသည့် သူ့သူငယ်ချင်းကို ဝမ်းသာသည့်မျက်လုံးတွေဖြင့်ကြည့်ကာ "ခင်ဗျား သမီးသာဆို ကျုပ်သားနဲ့ စိတ်ချပါပြီဗျာ"ဟုခပ်တိုးတိုးရေရွတ်သည်။ လူးဝစ်ကတော့ ချောမွေ့အဆင်ပြေသွားသော အခြေအနေကိုကြည့်ကာ ဝမ်းသာနေတော့သည်။ ဒီလိုဆို မင်းကိုယ့်ကို ပြန်ချစ်ဖို့ပဲလိုတော့တယ် စီရမ်။

.............................................................................................

"စီရမ်က လောရင့်ညီမအရင်း?"

ဆိုင်နိုက အံ့ဩတကြီးရေရွတ်သည်။ သူ တကယ်ကို မထင်ထားတာဖြစ်သည်။ အရင်မှတ်ဉာဏ်တွေမှာလဲ ဒီအကြောင်းနဲနဲလေးမှမပါပေ။ စီရမ်ကသေသည်အထိ ဆိုင်နို့ညီမလေးလို့ သိခဲ့တာဖြစ်သည်။ ဒီလို မထင်မှတ်စရာတွေလဲ ရှိနေတာပဲ။ ဒါကြောင့် ဆံပင်အရောင်ကိုက သိသိသာသာ မတူဖြစ်နေတာကိုး။

"ဟေး baby သိပ်အံ့ဩသွားလား။"

ဆိုင်နိုက အတွေးလွန်နေသဖြင့် ရှေ့က လောရင့်ကို ခဏမေ့သွားမိသည်။

"အင်း။ ကျွန်တော် တော်တော်အံ့ဩသွားတာ။"

"အင်း...........။ ကိုယ်ရောပဲ။"

လောရင့်က ခေါင်းတညိမ့်ညိမ့်နှင့်ပြန်ပြောသည်။

"ဒါဆို စီရမ့်ကို ခင်ဗျားအဖေက ပြန်ခေါ်တော့မှာပေါ့နော်။"

ဆိုင်နို့မျက်လုံးထဲက ထိတ်လန့်မှုတွေကို မြင်လိုက်ရသည့်အတွက် လောရင့်ကပြုံးလိုက်သည်။

"ကိုယ့်ဘေဘီက ညီမလေးကို မခွဲချင်ဘူးထင်တယ်။"

"အိုး.....ကျွန်တော်က အဲ့လိုတော့အဲ့လိုပေမဲ့......။ခင်ဗျားတို့ကမှ အရင်းတွေဖြစ်နေတော့လဲ.......။"

ခေါင်းငုံ့ကာ မပွင့်တပွင့်ပြောလိုက်သည့် ဆိုင်နိုကြောင့် လောရင့်မှာ အကြံပေါင်းများစွာရှိနေသည့် အပြုံးဖြင့် ပြုံးနေပြန်သည်။

"ဒါဆို ဘေဘီကိုယ့်အိမ်ကို လာနေလိုက်လေ။ စီရမ်နဲ့ မခွဲရတော့ဘူးပေါ့"

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now