Part_15

10.9K 1.3K 57
                                    

Uni

ဆိုင်နိုက စာအုပ်နဲ့ခုံကို ဘုန်းခနဲရိုက်၍ ထရပ်လိုက်သည်။ ဖြစ်နိုင်ရင်လူကိုပါ ပြေးကန်ချင်ပေမဲ့ oocမှာလဲကြောက်ရသေးသည်။
ဘယ့်နှယ်......။ ကျောင်းလာကတည်းက လူကိုထိုင်ကြည့်နေတာ မပြီးနိုင်မစီးနိုင်ပဲ၊
ဘာလဲ။ ငါဟိုတစ်ခေါက်က ဝင်တိုက်တာ မကျေနပ်သေးလို့များလား။

သူပြန်ကြည့်လိုက်တော့ လောရင့်က ခုနကအတိုင်းပင် သူ့ကိုကြည့်၍ပြုံးနေဆဲ။ မျက်လုံးနှစ်ခုဆုံသွားတော့ လောရင့်က မျက်စိတစ်ဖက်မှိတ်ပြတာမို့ သူရင်တွေတဒိန်းဒိန်းဖြစ်လာသည်။ ဒုက္ခပါပဲ။ ဒီလိုရင်ခုန်တာမျိုးက ရန်ပိုင်ရှင်းနဲ့ပဲ ဖြစ်ဖူးတာပါ။ တခြားလူနဲ့မဖြစ်ဖူးဘူးလေ။

ကိုယ့်ရင်ဘတ်ကိုယ်ဖိကာ နေ့လည်စာစားဖို့ထွက်လာလိုက်သည်။ အစာမရှိလို့ရင်တုန်တာနေမှာပါ။ ခြေလှမ်းအနဲငယ်ပင်ရှိသေးသည်။ လောရင့်က အပြုံးတစ်ခုနဲ့ သူ့ရှေ့မှာ ပိတ်ရပ်ထားလေသည်။

"ကိုယ်နဲ့တူတူနေ့လည်စာစားရအောင်။”

"ရပါတယ်ဗျ။ ကျွန်တော် ကိုယ့်ဟာကိုယ်ပဲ....”

"လမ်းလျှောက်သွားမလား။ ကိုယ်ပွေ့သွားရမလား။”

"ဗျာ!”

ဆိုင်နိုက ရုတ်တရက်ကြီးမို့ မျက်မှန်ဝိုင်းလေးကိုပင့်ကာ အလန့်တကြားဖြစ်သွားသည်။ လောရင့်ကတော့ ဘာမှပြန်မပြောတော့ပဲ နေရာမှာတင် ဆိုင်နိုကိုပွေ့ချီလိုက်တော့သည်။
ဆိုင်နိုက အတင်းရုန်းနေပေမဲ့ အားချင်းက ဆင်နဲ့ဆိတ်လိုဖြစ်နေတာကြောင့် ဘယ်လိုမှငြင်းလို့မရပဲ ငြိမ်ငြိမ်လေးပဲ လိုက်သွားရလေသည်။

ဆိုင်တစ်ဆိုင်ကိုရောက်တော့ လောရင့်က ဆိုင်နိုရဲ့မျက်နှာချင်းဆိုင်မှာ နေရာယုလိုက်သည်။ မှာထားတဲ့ဟင်းတွေရောက်လာတော့ လောရင့်က အသေးစိတ်ကအစ ဂရုတစိုက်လုပ်ပေးသည်။

"နေဦးလေ။ ဒါကြီးမစားနဲ့။ အရိုးထွင်လိုက်ဦးမယ်။ ဒါကိုအရင်စားထား။”

ဆိုင်နိုက သူ့ရှေ့ကလူကို မျက်မှန်လေးပင့်ကာကြည့်လိုက်သည်။ ဒီကောင်လုပ်နေပုံနဲ့တော့ ငါတောင်နွဲ့ချင်လာပြီ။ ဒီလောက်ဂရုစိုက်ပေးဖို့လိုလို့လား။ ငါကသူ့ဟာမကြီးလဲမဟုတ်ပဲနဲ့။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now