အထိန်းတော်ချင်းက အချိန်အတော်ကြာအောင် သက်ပြင်းချလျက်ရှိသည်။ အဆုံးမှာတော့ ခေါင်းယမ်းရင်း သက်ပြင်းတစ်ချက်ထပ်ချကာ
“အလျင်မလိုနဲ့ အလျင်မလိုနဲ့၊ ဒီကိစ္စကို ရေရှည်စဉ်းစားဖို့လိုတယ်"အချိန်ခဏကြာအောင် မုယွမ်ယောင်က ဧကရာဇ်အတွက် နှစ်သစ်ကူးလက်ဆောင်ဖြစ်သည့် ပန်းထိုးမှုအပေါ်တွင် အာရုံစိုက်၍ အိမ်တွင်းအောင်နေဆဲဖြစ်သည်။ နေရာအနှံ့ကနေ ပို့လာတဲ့ ဖု၊ရှို့၊အန်း၊ခန်း စကားလုံးများပါသည့်စာရွက်များသည်လည်း သေတ္တာထဲတွင် ပြည့်နှက်နေသည်။ မုယွမ်ယောင်လို စေ့စပ်သေချာတဲ့သူတောင် ထိုစာရွက်များကို သေသေသပ်သပ်စီစဉ်ဖို့ အချိန်အများကြီးယူခဲ့ရသည်။ ထို့နောက် သူမရဲ့ နှစ်သစ်ကူးလက်ဆောင်အတွက် ပန်းထိုးမှုအရှိန်ကို မြန်လိုက်သည်။
မုယွမ်ယောင် မနက်စာစားအပြီး ကျင်းလန်က ရောက်လာ၍ လျှောက်တင်သည်။
“သခင်မလေး ဆိုင်ရှင်ချင်း ရောက်လာပါပြီ”
“သူ့ကို အထဲဖိတ်လိုက်”
ရာသီဥတုက ပိုပြီး အေးလာပြီဖြစ်ကာ အထိန်းတော်ချင်းက ထူထဲတဲ့အပေါ်ဝတ်ကို ဝတ်ထားပြီး အညိုရောင်နှင့်အပြာရောင်ဦးထုပ်ကို ဆောင်းထားသည်။ သူက ပြုံးပြပြီး နူးညံ့စွာ ပြောလာသည်။
“မိန်းကလေးမုကို အရိုအသေပေးပါတယ်”
“အထိန်းတော်ချင်း ယဉ်ကျေးနေစရာမလိုပါဘူး၊ မြန်မြန်လေး ထိုင်ပါဦး၊ ကျင်းလန်က လက်ဖက်ရည်လာပို့ပါလိမ့်မယ်”
သူမ ဧည့်ခံထားတဲ့ လက်ဖက်ရည်ကို အထိန်းတော်ချင်းက တစ်ကြိုက်သောက်ပြီးနောက် ချီးကျူးလိုက်သည်။
“အားလုံး ရေကိုပဲသုံးပြီး လက်ဖက်ရည်တစ်မျိုးထဲ အတူတူလုပ်ကြပေမယ့် မိန်းကလေးမုရဲ့လက်ဖက်ရည်ကတော့ ပိုပြီး အရသာရှိတယ်လို့ ခံစားရတယ်"
မုယွမ်ယောင်က ရယ်မောလေ၏။
“ဒါဆိုရင်တော့ နောက်ကျရင် ကျင်းလန်ကို ကျွန်မဆုချရတော့မယ်၊ သူရဲ့ လက်ဖက်ရည်ဖျော်တဲ့ ကျွမ်းကျင်မှုက တိုးတက်လာပြီပဲ"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...
အပိုင်း ၁၈၇ /အပိုင္း ၁၈၇
Start from the beginning