ထိုဟင်းများမှာ လတ်ဆတ်​သော အသီးအရွက်များ မစားရသည်မှာ အလွန် ကြာရှည်ခဲ့သူများ အဖို့ အလွန်ပင် စိတ်ကျေနပ် စေခဲ့သည်။ နေ့လယ်စာ စားပြီး​နောက် ယွင်ချဲ့၊ ချန်ချန်၊ ကျိုးဇယ်ယွီ၊ လုဟိုင်ရွှမ်း တို့နှင့်အတူ ဧရိယာ C သို့ သွားကာ ကိုယ်ပိုင်အဖွဲ့လေး ဖွဲ့ရတော့မှာ ဖြစ်​သောကြောင့် ကိုယ်စီ လှုပ်ရှားနေကြသည်။

"အဖွဲ့ အရေအတွက်ရော သူတို့ရဲ့ စွမ်းအားတွေကိုပါ မှတ်ရမှာဆိုတော့ လောလောဆယ်တော့ ဟိုင်ရွှမ်းက ​ရွှေအစွမ်းဖြစ်ပြီး ငါ့အစွမ်းက လျှပ်စီးဖြစ်တယ်လို့​ ပြောရမယ် ကျန်တာတွေ ကတော့ အချက်အလက်အရ ဖြည့်ကြတာပေါ့"

ဧရိယာ C မှာ ​ကျောက်ယန်း အဖွဲ့နှင့် မ​နီးမ​ဝေးတွင် ရှိ​နေသဖြင့် ထွက်မလာခင်တွင် ရှင်းဖုန်း ထံက ယွင်ချဲ့ ကားငှား လာခဲ့သည်။

"အရင်တစ်ခေါက်က ငါတို့ညံ့လို့ လှည့်စား ခံလိုက်ရတာ နောက်တစ်ခေါက်တော့ မရတော့ဘူး ငါဘာလုပ်ရမလဲဆိုတာ သိသွားပြီ ... ဒါနဲ့ ငါတို့အဖွဲ့နာမည်ကို ဘာပေးရမလဲ ဒီရက်ပိုင်း ဖုတ်​ကောင်တွေကို လိုက်သတ်တော့ အဖွဲ့ တော်တော်များများနဲ့ တွေ့ခဲ့တာ .. နာမည်အစုံ ကြားလာရတယ်။ ငါ့ကို တော်တော်လေး အထင်ကြီးစေခဲ့တဲ့ အဖွဲ့ကတော့ 'Moo-Cow' အဖွဲ့ပဲ အဲဒီအဖွဲ့ နာမည်ကြားတော့ ငါဘာပြောရမလဲတောင် မသိဘူး။ ဘယ်သူကများ သူ့အဖွဲ့နာမည်ကို နွားတစ်ကောင် နာမည်ပေးရတာလဲ"

ကျိုးဇယ်ယွီ ကားမောင်းလျက် ပြော​နေပုံမှာ သူမည်မျှ စိတ်လှုပ်ရှား​ နေ​ကြောင်း ခန့်မှန်းရ မခက်​သည့်အပြင် တစ်နေ့ သူတို့အဖွဲ့ ​ကျောက်ယန်း အဖွဲ့၏ စံနှုန်းကို မီနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်​နေခြင်းလည်း ဖြစ်နိုင်သည်။

"ငါ့အတွက်တော့ မထူးဆန်းပါဘူး ငါဆိုရင် 'အရှုံးသမားများ' ဆိုတဲ့ အဖွဲ့နာမည်တောင် ကြားဖူးတယ်။ ဒါပေမယ့် နာမည်ကတော့ သူတို့ရဲ့ တိုက်ခိုက် စွမ်းရည်နဲ့ တခြားစီပဲ ... သူတို့ ခေါင်းဆောင်က အရပ်ရှည်ရှည်နဲ့ အကြင်နာ ကင်းတယ်။ သူ့ရဲ့မီးစွမ်းအားက ယဲ့ဟန် နဲ့တောင် ယှဉ်လို့ရ​ပြီး လူစွမ်း​ကောင်းလို့တောင် ပြောလို့ရတယ်"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now