WTLS Special Extra 2

Start from the beginning
                                    

မူးနေတဲ့အလှလေးရဲ့ ဂျစ်ကန်ကန်မျက်နှာလေးမှာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်သွားလေရဲ့။ သူ့ရှေ့ကလူကတော့ ဒါကိုကြည့်ပြီး ရယ်လေတယ်။

“မင်း ဒီည ငါ့နေရာကိုလိုက်ခဲ့ချင်လား”

Canက ပုံမှန်ဆို စကားသွက်တဲ့အချောလေးဖြစ်တယ်။ မူးနေတဲ့အချိန်မှာလည်း ထိုနည်းတူစွာပါပဲ။ ဒါပေမဲ့အခုကတော့ ကွဲပြားတယ်။ သူ စကားတစ်လုံးမှကို ပြန်မပြောချင်ဘူး။ သူ့နှလုံးသားဟာ တည်းတည်းကလေးကျန်နေပြီး သူသာအခုစကားပြောလိုက်မယ်ဆို အဲ့အရာလေးပြုတ်ကျသွားမှာအရမ်းစိုးရိမ်နေပြီ။ ဒါပေမဲ့ သူ ဒီနေရာမှာ နေခဲ့လိုလည်း မဖြစ်တာသူသိတယ်။ ဘာပဲဖြစ်ဖြစ်ကြမ်းပြင်မှာအိပ်ရတာထက် အိပ်ယာလေးပေါ်မှာက အမြဲတမ်းအတွက် ပိုကောင်းတယ်မလား။ သူက ခေါင်းကို ခပ်လေးလေးညိတ်ပြပြီး ထရပ်လိုက်တယ်။ ဒါပေမဲ့ သူ့ခြေထောက်တွေက ချက်ချင်းညွတ်ကျသွားတာကြောင့် သူ့ရှေ့ကလူက သူ့ကိုပွေ့ပြီး ထိန်းထားရတယ်။ အား သွားပါပြီ။ ဒီနှလုံးတုန်စေတဲ့ ဝိုင်က ငါ့ကိုတော်တော်ဒုက္ခပေးနေပြီ။ Canဘယ်လိုမှ ထမရပ်နိုင်တာကို တွေ့လိုက်ရတော့ လူစိမ်းဟာ သဘောတကျပြုံးရင်း ကောင်လေးကို လက်နှစ်ဖက်နဲ့ ညင်ညင်သာသာပွေ့ချီလိုက်လေတယ်။ ကောင်လေးကတော့ ဘာသံမှမပြုဘဲ မူးရစ်ရီဝေနေတဲ့ မျက်လုံးအစုံကို မှေးထားကာ လက်သွယ်သွယ်ကလေးတွေက လူစိမ်းရဲ့ ရင်ဘတ်ပေါ်က နေပုံစံဆွဲပြားလေးကို ကလိနေလေတယ်။ သူတို့နှစ်ဦးဟာ နောက်မှာကျန်ရစ်ခဲ့တဲ့ ဇီးကွက်လေးကို သိသိသာသာကိုပဲ သတိမရကြပါဘူး။ အာ... ဒါက ရက်ချ်အဖို့ အတော်သနားဖို့ကောင်းတဲ့ကံကြမ္မာကြီးပဲ။

စစ်နတ်ဘုရားရဲ့ နန်းတော်ထဲကအဆောင်တစ်ခုမှာတော့ အေးစက်မှုတွေလွှမ်းခြုံနေတယ်။ ဖူးစာရေးနတ်ဘုရားဟာ စစ်နတ်ဘုရားရဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေရင်း နည်းနည်းလေးမှ မလှုပ်ရဲဘူး။ သူက အာခေါင်ခြောက်နေလည်း ဘာကိုမှမထိရဲဘဲ တံတွေးကိုသာ အကြိမ်ကြိမ်မြိုချနေရသည်။ စစ်နတ်ဘုရားလား။ သူက‌တော့ ရောက်ကတည်းက ဘာတစ်လုံးမှမပြောဘဲ သူ့လက်ကောက်ဝတ်ကကြိုးနီကိုလှစ်ဟဖော်ပြရင်း နတ်ဆိုးစစ်သည်သန်းချီကိုခေါင်းဖြတ်ခဲ့တဲ့ သူ့ရဲ့ဓားကို ရွှေရောင်ပိုးသားထည်တစ်ခုနဲ့ စိမ်ပြေနပြေသုတ်နေတယ်။ အား... ဒါကြီးက စကားလုံးမပါဘဲ ခြိမ်းခြောက်နေတာပဲ။ ဘယ်သူသိနိုင်မလဲ အခုနေအဲ့ဓားကြီးက သူ့လည်ပင်းကို ဝှီးခနဲဖြတ်သွားလေမလားဆိုတာ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now