WTLS Special Extra 2

Start from the beginning
                                    

ထိုအမှောင်ထဲကပဲ လူတစ်ယောက်ဖြတ်လျှောက်လာတာကို သူမြင်လိုက်ရသည်။ ထိုလူကလည်း သူ့လိုပဲ ဘေးနားမှာအလင်းရောင်ဖျော့ဖျော့လေးဖြာထွက်နေသည်။ ဒါပေမဲ့ သူ့လိုမျိုး ဖြူဖျော့ဖျော့အလင်းတော့မဟုတ်။ ဒီအရောင်က နေ... အာ ဟုတ်တယ် နေအရောင်နဲ့အတော်လေးဆင်တယ်။ စက္ကန့်ဝက်လောက်တွေးတောကြည့်လိုက်တဲ့အခါ သူဟာ ဒီဥယျာဥ်ထဲကို ခိုးဝင်ခဲ့တာဖြစ်ကြောင်းနဲ့ လူအမိခံလို့မရကြောင်း သတိရသွားတယ်။ ဒါပေမဲ့ ထားလိုက်ပါ။ ထွက်ပြေးလို့လည်းမရတော့ဘူးလေ။ အဲ့ဒီအမည်မသိလူက သူ့ကို ဖမ်းဆွဲလို့ရလောက်တဲ့အထိ လုံလုံလောက်လောက်နီးကပ်လာပြီလေ။ အရေးမပါပါဘူး။ ဒါက အစောင့်တစ်ယောက်ပဲနေမှာ။ နောက်ပြီး မနက်ကျမှ သေချာလာဘ်ထိုးလိုက်ရင် ဘယ်သူပြောနိုင်မလဲ။ သူအနာဂတ်မှာ ခိုးဝင်စရာတောင် လိုချင်မှလိုလောက်မှာ။

ဝိုင်တွေသေလောက်အောင်မူးနေတဲ့အလှလေးဟာ အကြောက်အလန့်မဲ့စွာပဲ နေရာမှာထိုင်နေရင်း တဟီးဟီးရယ်လိုက်လေရဲ့။ အစောင့်လို့ သူသတ်မှတ်လိုက်တဲ့လူဟာ ပိုးသားအဖြူမှာရွှေနီရောင်ကွပ်ထားတဲ့ ဝတ်ရုံကို သူ့ကိုယ်ပေါ်မှာ လွှားပေးလိုက်ရင်း သူ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချလိုက်တယ်။ Canက သူ့ရှေ့ကလူရဲ့ မျက်နှာကို ပြူးပြဲကြည့်လိုက်တယ်။ အင်း။ သူ မူးပြီးအမြင်တွေမရှင်းမလင်းဖြစ်နေတယ်ဆိုရင်တောင် ဒီလူက သူတွေ့ဖူးသမျှထဲမှာ အချောဆုံးပဲ။ နောက်ပြီး ဒီမျက်နှာကို သူ မြင်ဖူးသလိုခံစားရမိတယ်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်းကိုပဲ ဒီလူဘယ်သူလဲဆိုတာ သူ မသိဘူး။ မူးနေတဲ့ အလှလေးရဲ့ ဦးနှောက်ထဲမှာ အခန်းတွေအများကြီးလွတ်နေသလို ခံစားလိုက်ရသည်။

“မင်း... ဘယ်ကလဲ”

“ဟမ်”

ဒီအစောင့်က ရုပ်တင်မဟုတ်ဘူး။ အသံကလည်း ဩရှပြီး တအားနှစ်သက်ဖွယ်ကောင်းတယ်။ ဒီလူ့အသံက ဗုံတစ်လုံးကို တီးလိုက်သလိုနဲ့ဆင်တူပြီး အဲ့ဒီတီးသံဟာ ဗုံကိုမဟုတ်ဘဲ သူ့နှလုံးသားကို လာတီးနေသလိုပဲ။ အရက်မူးနေတဲ့အလှလေးဟာ မျက်မှောင်ကို ပိုကျုံ့လိုက်ပြီး သူ့ရှေ့ကလူရဲ့ရင်ဘတ်ကို ကြည့်လိုက်တယ်။ ဟမ့် ပေါက်စီတွေမှမရှိတာ။ ငါက ဒီလူကို ဘာလို့ရင်ခုန်ရမှာလဲ၊ သွားစမ်းပါ။ ဒီဝိုင်ရဲ့ အကျိုးဆက်က ကြောက်ဖို့အရမ်းကောင်းနေတာပါလား။ ငါက ပေါက်စီတွေရှိတဲ့ အလှလေးတွေကိုမှ ကြိုက်တာ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now