ယောင်ဖေးက ရှင်းချောင်ပုခုံးကလေးကို ဖွဖွလေးဖက်ကာ အိမ်ဆီသို့လျှောက်လာသည်။ ရှင်းချောင်ကလည်း ယောင်ဖေး၏ အလုပ်အိတ်ကလေးပိုက်ကာ အလိုက်သင့်လေးနေရင်း အိမ်ဆီသို့ ခပ်ဖြည်းဖြည်းသာလျှောက်၏။

“မဟုတ်ပါဘူး ကျွန်တော်... သူဌေးကို စိတ်ပူရတာနဲ့ပဲ စိတ်ပင်ပန်းသွားတာ”

“အဲ့လောက်တောင်မှလား”

ခပ်ဟဟရယ်ရင်း ပါးဖောင်းဖောင်းလေးကိုဖျစ်လိုက်တော့ ပြုံးလိုက်တဲ့ ကောင်လေးရဲ့ အပြုံးက တစ်ခုခုထူးဆန်းနေသလိုလို။ သူ့ အလိုလိုသိစိတ်အရ ပါးဖောင်းဖောင်းလေးကို ဖျစ်လိုက်ရင် မျက်စောင်းလေးတစ်ချက်ပေးတတ်တဲ့ကောင်လေးဟာ ဒီနေ့တော့ ပါးလေးဖျစ်ခံရတာကိုပဲ ကြည်နူးစွာပြုံးလို့။

သူ သွားနေသည့်ခြေလှမ်းတွေကိုရပ်ကာ ကောင်လေးကို မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်သည်။ သေချာကြည့်လိုက်တော့ ဆံပင်တို့က မဖြီးသင်ထားတာထက် လက်နဲ့ထိုးဖွလို့ ပွသည့်ဘက်ကိုပိုသည်။ မျက်နှာကလည်း အရင်နေ့တွေလောက် မကြည်တာအမှန်။ ခပ်နုနုရွှေမျက်နှာတော်ထက် ပူပန်ရိပ်အချို့ စွန်းထင်းနေသလိုလို။ နောက်ပြီး ဒီကောင်‌လေး ဒီနေ့ ထမင်းရောစားရဲ့လားမသိ။ လမ်းသွားတာတောင် ခပ်ယဲ့ယဲ့ကလေး။

“ရှင်း‌ချောင်, ကလေး ဘာဖြစ်လို့လဲ။”

“ကျွန်တော် ကြောက်တယ်”

အိတ်ကို မြေကြီးပေါ်ဖြည်းဖြည်းကလေးချလို့ ရင်ခွင်ထဲတိုးဝင်လာသော ကောင်လေးသည် မျက်ရည်မထွက်ပေမဲ့ ငိုနေသည်ဟု သူထင်နေသည်။ ဘာဖြစ်လို့လဲ။ သူ့ကောင်လေးမှာ ဘာတွေများထပ်ပြီးရှိနေလို့လဲ။

“ပြောပြမလား မင်း ဘာကိုကြောက်တာလဲဆိုတာ ကိုယ်အဲ့တာကိုအပြတ်ရှင်းပေးမယ်”

“သိတယ် ကျွန်တော်သိသားပဲ သူဌေး ကျွန်တော်လေ”

တွန့်ဆုတ်စွာပြောလာသော ကောင်လေးကို ငုံ့ကြည့်မိသည်။ အရပ်ချင်းသိပ်မကွာပေမဲ့ နီးကပ်နေတဲ့ ခန္ဓာကိုယ်အနေအထားအရ ငုံ့ကြည့်ရတာမျိုး။

“ကျွန်တော် သူဌေးကို လက်ထပ်ချင်တယ်။ ကျွန်တော့်ကို လက်ထပ်မလား”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now