Part-103

4.9K 720 63
                                    

Uni

"ဖုန်းနံပါတ်နဲ့အတူ တည်နေရာကအစပါသိချင်တယ်။ မြန်မြန်လေးရှာပေးပါ"

တည်တည်ငြိမ်ငြိမ်ပြောသံအကြားမှာ ဘဏ်ကဝန်ထမ်းတွေ အလုပ်ရှုပ်ကုန်သည်။ ဘဏ်ပိုင်ရှင်ကတော့ ယောင်ဖေးကို ခပ်ပြုံးပြုံးသာ ထိုင်ကြည့်နေ၏။

"ယောင်ဖေး မင်း ဒီလိုဖြစ်တာ မမြင်ဘူးသလိုပဲ ဘာလို့လဲ"

"ငါလား ဒီလိုပါပဲ ငါအရေးထားတာကို လာထိခံနေရလို့ နည်းနည်းလေးတော့လော‌နေတယ်"

ယောင်ဖေးက နာရီကိုမြှောက်ဆကြည့်ရင်း ပြန်ဖြေတော့ ဘဏ်ပိုင်ရှင်ကထပ်ပြုံးကာ သူ့ဝန်ထမ်းတွေကို လောဆော်လိုက်သည်။

"မြန်မြန်လေး လုပ်ပေးပါနော်"

"ဟုတ်ကဲ့ သူဌေး ခုပဲရလာခဲ့ပါပြီ"

အတော်လေးမြန်မြန်ဆန်ဆန်ပဲရတာမို့ ယောင်ဖေးမျက်နှာက ကြည်လင်လာသည်။

"ဖုန်းက Crown က ရုံးဖုန်းဖြစ်နေတယ်"

"ဘာ? ရုံးဖုန်းနဲ့ ဘယ်လိုငွေလွှဲမလဲ အဲ့တာမှန်ရဲ့လား"

ယောင်ဖေး ဘာမှမပြောနိုင်သေးခင် ဘဏ်ပိုင်ရှင်က မေးသည်။ ဝန်ထမ်းကောင်လေးက ခေါင်းကုတ်ရင်း

"အဲ့ဒါကလေ... တည်နေရာနဲ့ မှတ်ပုံတင်ထားတာတော့ အဲ့လိုပါပဲ။ ထင်ရတာ Hand phoneကို ရုံးဖုန်း မှတ်ပုံတင်ထားတယ် ထင်တာပဲ သူဌေး။"

"နံပါတ် ပြပေးလို့ရမလား"

"ရပါတယ်ခင်ဗျ"

ဝန်ထမ်းကောင်လေးက ရိုသေစွာပဲ စာရွက်လေးကို ကမ်းပေးလာတော့ သူယူကြည့်လိုက်သည်။ ရုံးရဲ့ ဘုံအသုံးပြုသော ဖုန်းအလုံးရေများစွာအနက် ဘယ်ဖုန်းဆိုတာ သူသိရမှဖြစ်မည်။ ဒီလိုဆို တရားခံဟာ သူ့လူတွေထဲကပဲပေါ့။ တင်းကြပ်လာနေသော necktile ကိုဖြေလျော့ကာ မျက်မှောင်ကျုံ့မိသည်။ သူထင်တာ မဟုတ်လောက်ဘူးဟုတွေးတော၍ ဖုန်းထဲက နံပါတ်နှင့် တိုက်စစ်ပါသော်လည်း ထင်တာက အမှန်ပင်ဖြစ်နေပြန်သည်။ ဒါ ဒါရိုက်တာစုန့်ရဲ့ ရုံးဖုန်းနံပါတ်ပဲ။ ထွေထွေထူးထူး‌တော့ မဟုတ်ပေမဲ့ အလုပ်ကိစ္စနဲ့ပတ်သတ်လို့ အကုန်အဆင်ပြေအောင်ဆိုပြီး သူကိုယ်တိုင် ဝယ်ပေးထားခဲ့တာ။ ဘာလို့ဆို ဒါရိုက်တာစုန့်က သူအားကိုးရတဲ့လူနည်းနည်းထဲက တစ်ယောက်ပဲလေ။ ဒီလိုလူက ရှင်းချောင်ကို ချောက်ချတာ ဖြစ်နိုင်ပါ့မလား။ တကယ်ပဲ တရားခံအစစ်ကို သူဘယ်လိုရှာရင် ရနိုင်မလဲ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now