မယုံနိုင်ခြင်းနဲ့အတူ ကောင်လေး၏ မေးဖျားကိုဆွဲကိုင်ပစ်လိုက်သည်။

"ထပ်ပြောစမ်း ဘယ်သူလဲ"

ထပ်မေးလာသော လေသံမှာ ရေခဲတမျှ အေးစက်ခြင်းတွေပါဝင်လျှက်။

"ဖန်...ဖန်..."

စကားမဆုံးသေးမီ သေနတ်သံတစ်ချက်က ဟိန်းထွက်သွားသည်။ ဒေါသအလျောက် ချိန်မိသည့် အဓိကနေရာကို အနည်းငယ်လွှဲပစ်လိုက်သဖြင့် ကျည်ဆံသည် ပုခုံးသို့ ဖောက်ခနဲ။

အသက်ပြင်းပြင်းရှူနေသည့် သူ့ မျက်နှာသည်ဒေါသတွေနှင့် မှောင်မိုက်နေလျှက်။

"မ...မယုံရင် ကျွန်တော့်ကိုငွေလွှဲတဲ့အကောင့်ကို စုံစမ်းကြည့်ပါ ကျွန်တော် မလိမ်ရပါဘူး။ သူဌေး... ကြိုက်သလိုလုပ်ပါ။ ကျွန်တော် အမှန်အတိုင်းပြောနေတာပါ"

အလိုက်မသိသည့် ထိုသတ္တဝါလေးက ထပ်ဆင့်ပြောနေသေးသည်။ ပုခုံးကိုဖိထားသော လက်တွေသည် သွေးများအား မတားဆီးနိုင်စွာ ကတုန်ကရင်ဖြင့်။

"ငွေလွှဲတာနဲ့ ပတ်သတ်ပြီး ဘဏ်ကိုသွားစုံစမ်းလိုက်။ အ ခု လို ချင် တယ်"

သူဌေး၏ အခြေအနေက လုံးဝခြေလှမ်းမှားလို့ မရတာမို့ ငှားထားသည့် လူမိုက်တွေ ဟိုပြေးဒီပြေးဖြစ်သွားသည်။ ငှားထားတယ်ဆိုတာထက် ကိုယ်တိုင်လက်သပ်မွေးထားတာလည်းဖြစ်လို့ သူဌေးအကြောင်းဆို သိလွန်းလို့ ဟိုဘက်တောင် လွန်နေပြီဆိုသည့် လူတွေချည်း။

"သူဌေး ခုပဲဖုန်းဆက်မေးထားပါတယ်။ ငါးမိနစ်လောက်စောင့်ပေးပါ"

"သုံးမိနစ်"

"ရပါတယ် သူဌေး"

ခြေချိတ်ကာ ကုလားထိုင်ပေါ် အေးအေးလူလူထိုင်နေသော သူဌေးတွင် ရက်စက်သောအမူအရာတို့အပြည့်။ ဘေးမှရပ်‌နေသော လင်းရီပင် ကျောချမ်းနေရသည်အထိ။ နေပါဦး ရှင်းချောင်က ဘာလို့ဒီလိုလုပ်ရမှာလဲ။ ဒါနဲ့ပတ်သတ်ပြီး သူဌေးရော ဘယ်လိုဆုံးဖြတ်မှာလဲ။ သူ သေချာမသိတော့။ ပွဲကြီးပွဲကောင်းတော့ တွေ့ပြီထင်ပါသည်။

"သူဌေး သူပြောတာ အမှန်ပါ"

သူဌေးသည် မျက်မှောင်တစ်ချက်ကုပ်သွားသည်။ အခုလေးတင် မီးညှိထားသော စီးကရက်အား ထိုင်ခုံလက်ရန်းသို့ အားနှင့်ဖိချငြိမ်းသက်လိုက်သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now