“ဪ စိတ်လှုပ်ရှားစရာကြီး”

အီရာ့မျက်လုံးတွေက ခုနကနဲ့မတူဘဲ တောက်ပခြင်းနောက်တစ်မျိုးနှင့် တောက်ပလာသည်။ သူ ဒီကိစ္စကို ဘာလို့အသုံးမချရမှာလဲ။ ဟမ်။ အဲ့ဒီမြှားကို သူနဲ့ လူဂါဆီသာ ကျစေခဲ့ရင် ပွဲကသိမ်းပြီ။ သူက အစ်ကိုတော်ရဲ့ ညီပါ။ အရင်းမဟုတ်ပေမဲ့ အစ်ကိုတော့်လို ဉာဏ်နီဉာဏ်နက်မျိုးတော့ သူ့မှာလည်း သိပ်သိပ်ရှိတာပေါ့။ ကြည့်ကြသေးတာပေါ့လူဂါ။ နတ်ဘုရားကို အကြောင်းပြုလို့ ခင်ဗျား ကျွန်တော့်ဆီရောက်လာအောင် လုပ်ပြမယ်။

“ဒါနဲ့လေ မြှားက သူ့အလိုလိုကြီးလှည့်လာမှာပေါ့နော် လေတိုက်တာတွေဖြစ်ရင်ရော ဘယ်လိုလုပ်မလဲ”

“ခန်းမထဲမှာလေမတိုက်ဘူးလေ။ အာ.....မင်းကလူသစ်ဆိုတော့ တစ်ခုပြောထားမယ်။ မြှားဘယ်လိုလှည့်လဲ ငါလည်း မကြည့်ဖူးဘူး။ မင်းလည်းကြည့်လို့မရဘူး။ နတ်ဘုရားရဲ့ထူးဆန်းအံ့ဖွယ်တွေကို ငါတို့ကြည့်လို့မရဘူး အပြစ်သင့်တတ်တယ်။ ဒါကြောင့် ငါတို့တွေက မြှားကိုလှည့်ပြီးတာနဲ့ ဒူးထောက်ပြီး ခေါင်းငုံ့ထားရတယ်။ ကြည့်လို့မရဘူး”

“အရှင်မလို နတ်ဆရာမတောင် ကြည့်လို့မရဘူးလား”

“အရှင်မက နတ်ဘုရားနဲ့ ပတ်သတ်တာလုပ်ရင် အမြဲတမ်း အနက်ရောင်ဇာပဝါအုပ်ထားတာလေ။ သူလည်း မြင်ရမယ်မထင်ဘူး။”

“ပိုလွယ်သွားတာပေါ့ ကောင်းလိုက်တာ”

ပါးစပ်မှ ဝမ်းသာအားရ ထွက်ကျလာသော စကားတို့ကို အမြန်ပြန်သိမ်းရသည်။

“ဘာလဲ ဘာကိုလွယ်တာလဲ”

“အာ....ဟို.....ဟိုဟာ ကျွန်တော် မိန်းမရဖို့ ပိုလွယ်သွားတာပေါ့လို့ ကိုယ့်ဟာကိုယ်တောင်ရှာစရာမလိုတော့ဘူး။ နေဦး ဒါဆို ကျွန်တော်လည်း အင်္ကျီပြန်လဲမှဖြစ်မယ်။ သွားလိုက်ဦးမယ်နော်။ ခဏနေ ဈေးတန်းထဲတွေ့ရအောင် ဘိုင့်ဘိုင်”

အီရာက အင်္ကျီလဲဖို့ဟုပြောသော်လည်း သူ့အတွက်ဆောက်ပေးထားသည့် အဆောင်ကိုမသွားဘဲ ကျောက်သားခန်းမထဲ လှစ်ခနဲပြေးဝင်သည်။ နတ်ဘုရားရုပ်ထုကြီးရှေ့တွင်ဒူးထောက်ကာ လည်ပင်းမှ ရွှေပြားလေးကို ချွတ်လိုက်သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now