ခက်ခက်ခဲခဲထထိုင်နိုင်ပြီး ခဏအကြာမှ အရှင်ဟာ အဆောင်ခန်းထဲသို့ ဝင်လာခဲ့သည်။ အရှင်သည် အရင်ကလို ကျက်သရေရှိပြီး ချောမောနေတုန်း။ ကိုယ်ပေါ်မှ ရတနာတွေ စီခြယ်ထားသည့် ဝတ်ရုံပဝါစတွေကို ထည့်မတွက်ရင်တောင်မှ အရှင်ဟာ အရမ်းကျက်သရေရှိလှသည်။ အထူးသဖြင့် ဟိုးအရင်တုန်းကလို တောက်ပနေဆဲ မျက်လုံးတွေ.......။ အရှင်သည် အနည်းငယ်ဝလာဟန်တူပါသည်။ မျက်နှာရပ်ဝန်းသည် အရင်ကထက်ပို၍ ပြည့်ဖောင်းဖောင်းကလေး။

“အရှင်”

အက်ကွဲကြေမွစွာခေါ်လိုက်မိသည့် သူ့အသံကြောင့် အရှင့်ခြေလှမ်းတွေက ပိုမြန်လာသည်။ သူ့အသံသည် မိခင်ကို တ၍ ငိုနေသည့် ကလေးငယ်တစ်ယောက်လိုများ ဖြစ်နေရော့သလားမသိ။ အရှင့် မျက်ဝန်းတွေမှာ သူ့အတွက် စိုးရိမ်မှုတွေ အပြည့်။

“ဘယ်လို ဖြစ်တာလဲ။ ကိုယ်ရံတော်။ ငါကမင်းကို ဘော်ဟူလာမှာကျန်ခဲ့တယ်ထင်နေတာ။ ဘယ်လိုကြောင့် မိုက်ရူးရဲဆန်ပြီး တိုက်ခိုက်ဖို့ကို ရွေးရတာလဲ။ သူများတိုင်းပြည်မှာ တစ်ခုခုဆို မင်းပဲ အသက်သေရမှာလေ။”

အရှင်၏စကားထဲတွင် စိတ်ပူရိပ်များပါပေမဲ့ လေသံကတော့ တိုးဖျော့ဖျော့ ဖြည်းညှင်းညှင်းလေးဖြစ်နေသည်။

“အရှင်.....ကျွန်....ကျွန်တော် တောင်းပန်ပါတယ်”

ဂေါ့က မျက်ရည်လျှံနေသော မျက်ဝန်းတို့ဖြင့်ကြည့်ကာ ရှီလာ့ကို ဦးညွတ်သည်။ ရှီလာလည်း ဂေါ့ကို အမြန်ထူပေးလိုက်ကာ

“ဘာတွေပြောနေတာလဲ မင်းကို မကာကွယ်နိုင်တဲ့ငါကပဲ တောင်းပန်ရမှာပါ။ ဒါနဲ့ မင်းမသိသေးဘူးထင်တာပဲ။ ဘော်ဟူလာက ဆန်ဒိုရဲ့ လက်အောက်ခံဖြစ်မသွားခဲ့ပါဘူး”

“ဗျ....ဗျာ?”

ဂေါ့၏မျက်လုံးတွေတွင် နားမလည်ရိပ်တွေစုပြုံလာသည်။ ဘော်ဟူလာမကျဆုံးဘူးဆိုရင် ဘာလို့ အရှင်က ဒီမှာလာပြီး  အဖမ်းခံထားရတာလဲ။

“ဒါက‌ ပြောပြဖို့ရှည်တယ် ကိုယ်ရံတော်။ ငါ့အထင် မင်းဟိုကိုပြန်တာကောင်းလိမ့်မယ်”

“ကျွန်တော်...ဟိုကိုပြန်ပြီး အရှင့်အတွက် အကူအညီခေါ်လာခဲ့ရမလားအရှင်”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now